ဂုဏ်ယူလေးစားရသောဝန်ကြီး ဒေါ်ဇင်မာအောင်

ပြင်သစ်နိုင်ငံရောက်ရှိနေတဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြင်သစ်အောက်လွှတ်တော်အမတ်များနဲ့ တွေ့ဆုံခဲ့…
++++++++++++++++
ဖေဖော်ဝါရီ ၂၇ – ၂၀၂၄

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် နန်းဆုမွန်အောင်တို့အဖွဲ့က ပြင်သစ်အောက်လွှတ်တော်မှာ ပြင်သစ်-မြန်မာ ချစ်ကြည်ရေးအဖွဲ့ ဥက္ကဌ၊အောက်လွှတ်တော်အမတ် Mr. Alain David နဲ့ ဒုဥက္ကဌ အောက်လွှတ်တော်အမတ် Mrs. Anne Genetet တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများနဲ့ ဆက်လက် လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြင်သစ်နိုင်ငံက ပါဝင်ကူညီနိုင်မယ့် အခန်းကဏ္ဍများကို ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *