ငပုထုတ်တဲ့ ဥပဒေကို တော်တော်လေးလိုက်နာကြတယ်

စစ်မှုထမ်းဥပဒေကို ဆန့်ကျင်သည့် လူငယ်၂၀၀ခန့် သထုံခရိုင် PDF သို့ ဝင်ရန် ဆက်သွယ်

ဖေဖော်ဝါရီလ ၂၉ ရက်

စစ်မှုထမ်းဥပဒေကို ဆန့်ကျင်သည့် လူငယ် ၂၀၀ ခန့် သထုံခရိုင် PDFသို့ ဝင်ရန် ဆက်သွယ်လာကြောင်း သိရသည်။ဖေဖေါ်ဝါရီ၁၀ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဟုဆိုသော အဓမ္မစစ်သားစုဆောင်းရေးဥပဒေကို စစ်ကောင်စီက အတည်ပြုပြီးနောက် ကရင်အမျိုးသားအစည်းအရုံး(KNU)၊တပ်မဟာ- ၁ နယ်မြေတွင် အခြေစိုက်သည့် သထုံခရိုင် PDFထံသို့ ဆက်သွယ်လာကြခြင်းဖြစ်ကြောင်း သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်း ကပြောသည်။

“စစ်မှုထမ်းဥပဒေ ထွက်လာပြီး ဆက်သွယ်လာတာကတော့ ၂၀၀လောက်ရှိတယ်။ လက်ရှိရောက်နေတာကတော့ ၁၀၀ လောက်ရှိတယ်။ဆက်သွယ်လာတဲ့သူတွေကတော့ သထုံခရိုင်ထဲကတင်မဟုတ်ဘူး။ဒေသအသီးသီးက လူတွေ။ကျနော်တို့ပဲ ဆုံးဖြတ်လို့မရတာတွေရှိတယ်။

နယ်မြေခံ EROsတွေနဲ့ ဆွေးနွေးပြီးမှပဲ ဆုံးဖြတ်ရတာ” ဟု ၎င်းကပြောသည်။KNU တပ်မဟာ(၁)နယ်မြေအတွင်း ရောက်ရှိလာသည့် လူငယ်များအနက် စစ်သင်တန်းတက်ရောက်ချင်သူများကို EROs ၏ အစီအစဥ်ဖြင့် စစ်သင်တန်းပေးမည်ဖြစ်ကြောင်းလည်းသိရသည်။“ကျနော်တို့ဆီ ရောက်လာတဲ့သူတွေကို သေချာစိစစ်ပါတယ်။စစ်ကောင်စီကိုပြန်တိုက်မဲ့သူတွေကိုတော့EROs နဲ့တိုင်ပင်ပြီး သင်တန်းပေးသွားမှာပါ။သင်တန်းမတက်နိုင်တဲ့သူတွေကိုတော့ ခိုလှုံအနေနဲ့ပဲထားဖို့ရှိပါတယ်”ဟု ၎င်းကပြောသည်။

PDF ရဲဘော်အဖြစ် တာဝန်မထမ်းလိုသူများကို ယာယီခိုလှုံခွင့်ပြုမည်ဆိုပါက အတိုင်းထက်အလွန် ဝမ်းသာရမည်ဖြစ်ကြောင်း သထုံမြို့၊ဘင်လှိုင်ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။“သထုံမှ မဟုတ်ဘူး။တစ်တိုင်းပြည်လုံးက လူမပြောနဲ့၊ခွေးတောင် စစ်တပ်ထဲ မဝင်နိုင်ဘူး။ကြံ့ဖွတ် တွေ မဘသ တွေတောင် သွားဝင်ခိုင်းကြည့်၊ မဝင်ဘူး။

လူငယ်တွေထဲမှာ စစ်တပ်ကိုဆန့်ကျင်ပေမဲ့ PDF လည်းမလုပ်နိုင်တဲ့သူရှိတယ်။သူတို့က ထိုင်းမှ မပြေးရင် ဘယ်ပြေးရမယ်မှန်းမသိဘူး ဖြစ်နေ ကြတယ်။သူတို့ကို ယာယီပေါ့နော်။PDF လွတ်မြောက်နယ်မြေတွေမှာ ခိုလှုံခွင့်ပေးရင် ထွက်ပေါက် တစ်ခုရသွားမှာပေါ့” ဟု ၎င်းကပြောသည်။အဓမ္မစစ်သားစုဆောင်းရေးဥပဒေထွက်ပေါ်လာပြီးနောက် များစွာသော လူငယ်တို့သည် ပြည်ပနိုင်ငံများသို့ ထွက်ခွာမှုများရှိသလို နီးစပ်ရာ PDF တပ်ရင်း၊တပ်ဖွဲ့များထံသို့ ဝင်ရောက်လာကြောင်းလည်းသိရသည်။ဓာတ်ပုံ – သထုံခရိုင် PDF / ပုံစာ – သထုံခရိုင်PDF ရဲဘော်များ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *