ဘုန်းကြီးလည်းမနေရဘူး ဘုန်းကြီးဟုတ်ချင်မှလည်းဟုတ်မှာ

စကစနဲ့ပျူတွေအတွက် လစာရိက္ခာသယ်ပေးတဲ့ဘုန်းကြီးဖမ်းမိထား၊ နောက်မလုပ်ဖို့ပြောပြီး ပြန်လွတ်ပေး

မတ်လ ၃

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မအူရွာက ဘုန်းကြီးတပါးကို သတင်းအရကြိုတင်စောင့်ဆိုင်းပြီး ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေအတွက် လစာရိက္ခာတွေသယ်ပေးနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ မင်းကင်းနယ် တောင်တွင်း-PDF ကသတင်းထုတ်ပြန်ထားပါတယ်။

မနေ့က ကလေး၀-မင်းကင်း (ယာကြီးလမ်း)ပိုင်းပေါ်မှာ သတင်းရလို့ကြိုတင်စောင့်ဆိုင်စစ်ဆေးခဲ့ရာ မအူက စကစနဲ့ပျူတွေအတွက် ကိုယ်စား လစာရိက္ခာသယ်လာပေးတဲ့ အသက် ၇၀ရှိဘုန်းကြီးအိုကြီးကို စကစနဲ့ဆက်သွယ်ထားတဲ့ စာရွက်စာတမ်းတွေနဲ့တကွ ဖမ်းမိခဲ့တာလို့သိရပါတယ်။

“စခနဲ့ပခတွေက ဒီလမ်းပိုင်းမလာရဲတော့ ဘုန်းကြီးနဲ့ပုံမှားရိုက်ပြီးခိုင်းလိုက်တာပေါ့။ နောက်မှာ မအလအတွက် အလုပ်လုပ်မပေးဖို့ ပြောပြီးပြန်လွတ်ပေးလိုက်တယ်။ ဘုန်းကြီးတွေကို ဒီလိုစခနဲ့ပခတွေက အဓမ္မစေခိုင်းတာတွေရှိနေတယ်။ သူတို့သွားလို့မရတဲ့နေရာတွေမှာ သုံးလာနေကြတာ”လို့ဒေသခံတဦးကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။

ဖမ်းမိဘုန်းကြီးရဲရွာဖြစ်တဲ့ မင်းကင်းမြို့နယ် မအူရွာဟာ စစ်အုပ်စုက အထိုင်ချတပ်စွဲထားပြီး ဒေသခံတွေကို ပျူစောထီးအဖြစ် စည်းရုံးသိမ်းသွင်းကာ ဒေသတွင်းကျေးရွာတွေအပေါ်ဖိနှိပ်အနိုင်ကျင့်နေတာဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *