အလှူပစ္စည်း တွေရလိုက်တဲ့ ကေအိုင်အေ👏👏👏

မံစီမြို့နယ်ရှိ စစ်တပ်၏ မကျဥ်းကုန်း ဗျူဟာစခန်းကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ လက်နက် အများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၃

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ မကျဥ်းကုန်း ဗျူဟာစခန်းကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှ ၃ နာရီ ၄၀ မိနစ် အတွင်း မံစီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ မကျဥ်းကုန်း ဗျူဟာစခန်းကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မံစီမြို့နယ် မကျဥ်းကုန်း စကစ ဗျူဟာကုန်းစခန်းကို KIA က မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ကနေ ၃ နာရီ ၄၀ မိနစ် အတွင်း အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီ လက်နက်ကြီး လက်နက်ငယ် အများအပြား သိမ်းဆည်း ရရှိတယ်လို့ သတင်းရထားတယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *