မု-ဒိ-န်းတ-ပ်ကတော့ကြာလေ ယု-တ်လေပဲ

မင်းပြားမြို့နယ်၊ င/တန်းပျင်ကျေးရွာမှ မိန်းကလေးငယ် ၁ ဦးကို တပ်ကြပ်ကြီးကျော်မျိုးနိုင်၊ ဒုတပ်ကြပ်သူရနိုင်၊ တပ်သားချစ်လွန်း၊ တပ်သား မျိုးအောင်၊ တပ်သားကိုကိုအောင် စုစုပေါင်း စစ်သား ၅ ဦးတို့က အုပ်စုဖွဲ့ မုဒိမ်းကျင့်

■ မိန်းကလေးငယ်ကို မုဒိမ်းကျင့်ပြီး ရင်ဘတ်ကို သေနတ်ဖြင့်ပစ်ခတ်ကာ လည်ပင်းကိုဓားဖြင့်လှီးသတ်၊ အမေနှင့်အဘိုးတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့

ရန်ကုန်၊ မတ် ၃

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ င/တန်းပျင်ကျေးရွာ မိန်းကလေးငယ်တစ်ဦးကို တပ်ကြပ်ကြီးကျော်မျိုးနိုင်၊ ဒုတပ် ကြပ်သူရနိုင်၊ တပ်သားချစ်လွန်း၊ တပ်သား မျိုးအောင်နှင့် တပ်သားကိုကိုအောင် စုစုပေါင်း စစ်သား ၅ ဦးတို့က အုပ်စုဖွဲ့ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း တပ်သားကိုကိုအောင်က ဝန်ခံ ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီ၏ တပ်မ ၂၂ လက်အောက်ခံ၊ ခမရ ၂၀၅ တပ်ရင်းမှ စစ်သား ၅ ဦးက မင်းပြားမြို့နယ်၊ င/တန် ပျင်းကျေးရွာသူ သားအမိနှစ်ယောက်အနက်မှ သမီးဖြစ်သူကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ကြောင်း၊ ယင်းနောက် အဆိုပါသားအမိနှစ်ယောက်စလုံးကို ရက်ရက်စက်စက်သတ် ဖြတ်ခဲ့ကြောင်း တပ်သားကိုကိုအောင်က AA ၏ ဖမ်းဆီးခံရမှုအတွင်း ဝန်ခံထွက်ဆိုသည်။

“အန်တီကြီးကို သေနတ်နဲ့ပစ်သတ်တယ်။ နောက်ပြီးတော့မှ ကောင်မလေးကို ဟိုဘက်အခြမ်းကို ခေါ်သွားပါတယ်။ တပ်ကြပ်ကြီးကျော်မျိုးဦးစပြီး မုဒိမ်းကျင့်ပါတယ်။ နောက်ပြီးတော့ ဒုတပ်ကြပ် သူရနိုင် ဆက်လုပ်ပါတယ်။ ရဲဘော်ချစ်လွန်း ဆက်လုပ်ပါတယ်။ ရဲဘော်ကိုမျိုးအောင် ဆက်လုပ်ပါတယ်။ တပည့်ကိုကို အောင် ဆက်လုပ်ပါတယ်။

လုပ်ပြီးတော့ ကောင်မလေးကို ရင်ဘတ်ကို တစ်ချက်ပစ်ပါတယ်။ ပစ်ပြီးတော့ ဆရာသူရနိုင်ကနေပြီးတော့ ၆ လက်မဓားနဲ့ လည်တစ်ချက်လှီးပြီးတော့ ထားခဲ့ပါတယ်” ဟု တပ်သားကိုကိုအောင်က ဝန်ခံ ထွက်ဆိုသည်။ ဓာတ်ပုံ- AA လက်ထဲတွင် ဖမ်းဆီးခံရပြီးနောက် ကျူးလွန်ခဲ့သည့် မုဒိမ်းမှုနှင့် လူသတ်မှုကို ဝန်ခံနေသည့် တပ်သားကိုကိုအောင်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *