ပုဏ္ဏားကျွန်းမြို့ ဆို့အောက် 😄😄😊😄

ခမရ ၅၅၀ တပ်ရင်းကို AA က သိမ်းပိုက်ပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို အပြီး သိမ်းပိုက်နိုင်ခဲ့ပြီဟု ကြေညာ

ရန်ကုန်၊ မတ် ၅

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ ခမရ ၅၅၀ တပ်ရင်းကို AA က သိမ်းပိုက်ပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို အပြီး သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်AA က ယမန်နေ့ညပိုင်း တရားဝင်ထုတ်ပြန် ကြေ ညာ သည်။

မတ်လ ၄ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ရှိ တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် “ခမရ (၅၅၀)” ကို ရက္ခိုင့်တပ်တော်က ယနေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တပ်များပေါင်းပြီး အပြင်းအထန်ခုခံနေသည့်ကြားမှ AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ပုဏ္ဏားကျွန်းမြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ပုဏ္ဏားကျွန်းမြို့ကို လက်လွှတ်လိုက်ရသည့် အကြမ်းဖက်စစ်ကောင်စုက ရသေ့တောင်-ပုဏ္ဏာကျွန်းကားလမ်းမရှိ စေတီပြင်တံတားကို ညနေ ၄ နာရီ ၅၇ မိနစ်မှ ညနေ ၅ နာရီ ၁၇ မိနစ်အချိန်အထိ တိုက်လေယာဉ် ၂ စီးဖြင့်
၁၂ ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ဖျက်ဆီခဲ့ကြောင်း သိရှိရသည်။

AA က ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့ ၆ ခုကိုသိမ်းပိုက်ပြီးနောက် မတ်လ ၄ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ကို ထပ်မံ သိမ်းပိုက်လိုက်ရာ စုစုပေါင်း AA သိမ်းပိုက်ထားသော မြို့ ၇ ခု ရှိလာပြီဖြစ်သည်။

ဓာတ်ပုံ- AA က မင်းပြားရှိ စစ်ကောင်စီတပ်ရင်းများကို သိမ်းပိုက်ခဲ့စဉ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *