ကားအပြည့်ပဲ ဗျို့

မံစီမြို့နယ်၊ မဂျီဂုံ ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲအပြီး ဟောင်ဝစ်ဇာ လက်နက်ကြီး ၂ လက်နဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မတ် ၅

– ၂၀၂၄ ကချင်ပြည်နယ်၊ မံစီမြို့နယ်က မဂျီဂုံ ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲအပြီး ဟောင်ဝစ်ဇာ လက်နက်ကြီး ၂ လက်နဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ KIA နဲ့ KPDF ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

မံစီမြို့နယ်က မဂျီဂုံ ဗျူဟာကုန်းစခန်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့များက မတ်လ ၁ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ရာ မတ်လ ၃ ရက်နေ့မှာတော့ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စခန်းကုန်းကနေ ဟောင်ဝစ်ဇာအမြောက် လက်နက်ကြီး ၂ လက်နဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တာလို့ သိရပါတယ်။

မံစီမြို့နယ်က မဂျီဂုံ ဗျူဟာကုန်းစခန်းဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၀၂၊ ခလရ ၂၅၀ နဲ့ ခမရ ၄၂၇ တပ်ရင်း စတဲ့တပ်ရင်း ၃ ခု အထိုင်စခန်းချထားပြီး အခိုင်အမာတပ်စွဲထားတဲ့ စခန်းကြီးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *