တောင်ကုတ်မြို့တော့ မြေဩဇာကောင်ဘီ ဗျို့😄😄😄

စကခ(၅)အခြေစိုက်ရာ တောင်ကုတ်မြို့နယ် တိုက်ပွဲတွင် စစ်တပ်ဖက်က ၃၀ ကျော်ဝန်းကျင်သေဆုံးဟုသတင်းထွက်နေ

မတ်လ ၆ ရက်

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆင်ကွပ်ကဲမှုဌာနချုပ် စကခ(၅) အခြေစိုက်ရာ တောင်ကုတ် မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ဝန်းကျင် သေဆုံးမှုရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

တောင်ကုတ်မြို့နယ်၊ ပင်မဓာတ်အားခွဲရုံရှိရာ ဘာယေကျေးရွာနှင့် မုတ်ကျေးရွာအကြား ၉ မိုင်တောင်အတက်တွင် ယနေ့ နံနက် ၅ နာရီခွဲကျော်က စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာမှ AA နှင့်စစ်ကောင်စီတို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲအတွင်း စစ်တပ်ဘက်က အသေဆုံးများပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နှင့် ၄၀ ကြားသေဆုံးမှုရှိကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” စစ်တပ်ဖက်က အသေဆုံးရှိတာကတော့သေချာပါတယ်။ ကျွန်တော်တို့ကြားထားတာက အယောက်သုံးဆယ်နဲ့လေးဆယ်ကြားလောက်သေတယ်ကြားတယ်ဗျ” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

နောက်ထပ်ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးကမူ စစ်ကောင်စီအဖွဲ့အဝင် ၃၀ ကျော်သေဆုံးပြီး တိုက်ပွဲဖြစ်ရာအနီးဝန်းကျင်တွင် အလောင်းများပြန့်ကျဲနေကြောင်း ပြောသည်။ ” စစ်တပ်ဖက်က ၃၀ လောက်သေတယ်လို့သိထားရတယ်။ လမ်းတွေမှာအလောင်းတွေပြန့်နေတယ်လို့ ပြောကြတယ်” ဟု ပြောသည်။

၎င်းတိုက်ပွဲအတွင်းက သေနတ်သံများကို ယနေ့ နံနက် ၅ နာရီခွဲကျော်ကနေ နံနက် ၁၀ နာရီ နီးပါးထိ ဒေသခံများက ကြားခဲ့ရသည်ဟု ပြောဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ နိရဥ္စရာအနေဖြင့် နှစ်ဖက် တာဝန်ရှိသူများကို မေးမြန်း၍ မရနိုင်သဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပါ။ သို့သော်လည်း တိုက်ပွဲဖြစ်ရာအနီးတဝိုက်ကျေးရွာများမှ ဒေသခံများကို ဆက်သွယ်မေးမြန်းရာ စစ်ကောင်စီဖက်မှသေဆုံးမှုများရှိသည်ဟု ပြောဆိုနေကြသည်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *