ခဝေးယာဉ်တန်း နတ်နတ်သီးကျွေး(ရုပ်သံ)

မုံရွာမြို့မှ အရာတော်မြို့ကို လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

+++++++++++++++++++

မတ် ၆၊ ၂၀၂၄

စစ်ကိုင်းတိုင်း မုံရွာမြို့မှ အရာတော်မြို့ဘက်ကို လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Ayadaw Rocket LPDF မှ သိရပါတယ်။

မတ်လ ၄ ရက် နံနက် ၅ နာရီ မိနစ် ၂၀ ခန့်က မုံရွာမြို့ဘက်မှ အရာတော်မြို့ဘက်ကို လာနေတဲ့ စစ်ယာဉ်တန်းကို မိုင်း ၇ လုံးတစ်ပွိုင့်၊ ၅ လုံးတစ်ပွိုင့်၊ ၃ လုံးတစ်ပွိုင့် စုစုပေါင်း ၁၅ လုံးဖြင့် စောင့်ကြိုဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ယာဉ်တစ်စီး အင်ဂျင့်ပွင့်ပြီး ထိုးရပ်သွားခဲ့တယ်လို့ သိရပါ တယ်။

တိုက်ခိုက်ခံရတဲ့ အဆိုပါယာဉ်အား တကရ ၅၀၀၄ တင့်ကားတပ်ရင်းမှ သံချပ်ကာကားဖြင့် လာရောက်ဆွဲသွားတယ်လို့ သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Ayadaw Rocket LPDF နဲ့ မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


+++++++++++++++++++

မတ် ၆၊ ၂၀၂၄




Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *