ပြည်ပကို အလောတကြီးထွက်မည့်သူများသတိထားကြပါ

ဟောင်ကောင်တွင် သူနာပြု အလုပ်အကိုင်ရမည်ဆိုကာ Great Synergy Manpower ကုမ္ပဏီက သင်တန်းသား ၉၀ ကျော်ထံမှ ငွေကျပ် သိန်းပေါင်း ၁၂၀၀ ခန့် ငွေကြေးလိမ်လည်

■ သင်တန်းသားများကို ငွေကြေး ပြန်လည်ပေးလျော်ရန် SNNM ကျောင်းက ကတိပြုထားသော်လည်း ၁ နှစ်ကျော်ကြာသည် အထိ ငွေပြန်မရ

ရန်ကုန်၊ မတ် ၆

ဟောင်ကောင်တွင် ဘိုးဘွားပြုစု စောင့်ရှောက်ရေးလုပ်ဆောင်ရန် သင်တန်းတက်ပြီး ၄၅ ရက်အတွင်း သွားရမည်ဟုဆိုကာ Great Synergy Manpower ကုမ္ပဏီက သင်တန်းသား ၉၀ ကျော်ထံမှ ငွေကျပ် သိန်းပေါင်း ၁၂၀၀ ခန့် ငွေကြေးလိမ်လည်ခဲ့ကာ သင်တန်းသားများကို ငွေကြေး ပြန်လည်ပေးလျော်ရန် SNNM ကျောင်းက ကတိပြုထားသော်လည်း ၁ နှစ်ကျော်ကြာသည် အထိ ငွေပြန်မရသေးကြောင်း ငွေကြေးလိမ်လည်ခံထားရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဟောင်ကောင်ရှိ သက်ရှိရွယ်အိုပြုစုစောင့်ရှောက်ရေးစင်တာများတွင် အလုပ်အကိုင်ရရှိမည်ဆိုကာ Great Synergy Manpower ကုမ္ပဏီက ၂၀၂၂ ခုနှစ် နိုဝင်ဘာတွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး San Nyo Nyo Myint Technical Service ကုမ္ပဏီက အဆိုပါ ကုမ္ပဏီနှင့် ချိတ်ဆက်၍ ၎င်း၏ သင်တန်းမှ သင်တန်းသား ၉၀ ကျော်ကို သင်တန်းပေးခြင်း၊ ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ Great Synergy Manpower ကုမ္ပဏီက ဟောင်ကောင်သို့ ပို့ပေးခြင်းမရှိဘဲ ငွေကြေးများ လိမ်လည်ချိန်တွင် San Nyo Nyo Myint Technical Service ကုမ္ပဏီက ၎င်းတို့ ငွေကြေးကောက်ခံထားသည့် သင်တန်းသား ၉၀ ကျော်အတွက် ငွေကြေးများ ပြန်လည်ပေးအပ်မည်ဟု ကတိပေးခဲ့သော်လည်း ၁ နှစ်ကျော်ကြာသည်အထိ ပြန်ပေးခြင်း မရှိကြောင်း ငွေကြေးလိမ်လည်ခံထားရသူများထံမှ သိရှိရသည်။

” တစ်ဦးကို Register ကြေး ၇ သိန်းကနေ သိန်း ၂၀ အထိ ယူပါတယ်။ ကုမ္ပဏီကို ပေးရမယ်ဆိုပြီး တောင်းတာပါ။ ညီမတို့လည်း ၄၅ ရက်အတွင်း သွားရမယ်ဆိုတော့ တချို့ဆို အတိုးတွေ ယူပြီး လာရတာပါ။ ဖြေရှင်းပေးမယ်ပြောပြီး ခုထိ မသိချင်ယောင်ဆောင်နေပါတယ်” ဟု ကိုယ်တိုင် လိမ်လည်ခံရသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

San Nyo Nyo Myint Technical Service ကုမ္ပဏီ၏ ပိုင်ရှင်သည် စံညိုညိုမြင့် ခေါ် ဒေါ်ညိညိုခန့်ဖြစ်ပြီး ၎င်း သင်တန်းမှ သင်တန်းသား ၉၀ ကျော်ကို ငွေပြန်အမ်းမည်ဟု ကတိပေးကာ အိမ်ရောင်း၍ ကျောင်းသားများ၏ ပိုက်ဆံကို ပြန်အမ်းမည်ဟု ကတိပေးထားသော်လည်း အိမ်လာဝယ်သူများရှိသော်လည်း အိမ်ကို ရောင်းချခြင်းမရှိကြောင်း ငွေကြေးလိမ်လည်ခံရသူများထံမှ သိရှိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ SNNM ကျောင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပြီး ‌SNNM ကျောင်း၏ ဒေါ်ညိညိုမြင့်က ကျောင်းသားများ၏‌ ငွေကြေးသည် ၎င်း ရယူထားခြင်း မဟုတ်ဘဲ ငွေပြန်ပေးမည်ဆိုသည်မှာလည်း ကျောင်းသားများကို ကူညီပေးခြင်းသာ ဖြစ်ကြောင်း၊ အချိန်ကြာမြင့်ရသည်မှာလည်း ငွေကြေးလိမ်လည်သွားသည့် Man Power ကုမ္ပဏီက ဇန်နဝါရီ ပထမအထိ ပြန်အိမ်းပေးမည်၊စောင့်ပေးပါဟူ၍ ပြောကြားခဲ့၍ ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

“အိမ်ရောင်းရတဲ့ ငွေနဲ့မှ ကူညီနိုင်မှာမို့ အိမ်အရောင်း ဆိုင်ထားပါတယ်။ အိမ်လာဝယ်တဲ့ လူရှိရင် ခေါ်လာပေးပါ။ အချိန်မရွေးပါ။ သူတို့ကို သော့တောင် လာယူထားပြောထားပါတယ်။ လာဝယ်တဲ့ လူကို တိုက်ရိုက် သေချာလာဝယ်ခိုင်းပါ။ ကိုယ်ယူထားတဲ့ ငွေမဟုတ်ဘဲ စိုက်ကူညီပေးရမှာတောင် တရားမျှတမှုမရှိဘဲ ပွဲစားတွေ ဈေးအရမ်းနိမ်တာ အချိန်ဆွဲတာ မဟုတ်ပါဘူး။

အခုလည်း အေဂျင်စီတွေ အပ်ထားပါတယ်” ဟု SNNM ကျောင်း တည်ထောင်သူ ဒေါ်ညိညိုမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။ Great Synergy Manpower Company ၏ လိမ်လည်ခံရသည်မှာ SNNM ကျောင်းတစ်ခုထဲ မဟုတ်ဘဲ လူထောင်ချီရှိကြောင်း၊ SNNM ကျောင်းအနေနဲ့ တာဝန်ယူဖြေရှင်းပေးရာတွင် ငွေကြေးအကုန်အကျခံ၍ ဟောင်ကောင်အထိသွားကာ Manpower Company နှင့် ကော်စစ်ဝင်ရုံးအထိ သွားခဲ့ပြီး ကျောင်းသားများ၏ Passport များ CID များ သိမ်းထားခြင်းကိုလည်း ပြန်ရအောင် လုပ်ဆောင်ခဲ့ကြောင်း၊ အိမ်ရောင်းချ၍ ရပါက ကျောင်းသားများ၏ ငွေကြေးကို ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *