လနတိုက်တွေ အုန်းအုန်းအုန်း(ရုပ်သံ)

လိုင်ဇာအနီးမြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းပေါ်က စကစစခန်းတွေကို KIAဘက်ကထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်၊ စကစလက်နက်တိုက်ပါမီးလောင်ပေါက်ကွဲ (ရုပ်သံ)

မတ်လ ၇

ကချင်ပြည်နယ်၊ လိုင်ဇာအနီးက မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းပေါ်ရှိ စစ်ကောင်စီစခန်းကုန်းတွေကို KIAဘက်ကထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေသိမ်းပိုက်ရရှိထားသလို စစ်အုပ်စုလက်နက်တိုက်မီးလောင်ပေါက်ကွဲနေတဲ့ ရုပ်သံကို တွေ့ရတာဖြစ်ပါတယ်။

ဒီနေ့မနက်အစောပိုင်းကစပြီး လိုင်ဇာနားက စစ်ကောင်စီစခန်း ၁၀ခုထက်မနည်းကို KIAဘက်က တပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်အုပ်စုရဲ့ ဘွမ်ရယ်ဘွမ်စခန်းနဲ့ ခယာဘွမ်စခန်းတွေကိုသိမ်းပိုက်ထားနိုင်ပြီး သုံ့ပန်း ၁၀ဦးကျော်ဖမ်းမိထားတယ်လို့သိရပါတယ်။

“ဒီနေ့မနက်အစောမှာ လိုင်ဇာနားက ခွေးစခန်းတွေကို တပြိုင်ထဲ ဝင်တိုက်နေတာ တချို့စခန်းတွေသိမ်းပိုက်ထားနိုင်ပြီး ပွဲဆက်ဖြစ်နေတာ။ အသေးစိပ်ကတော့ ပွဲကမပြီးသေးဘူး”လို့ KPDFနဲ့နီးစပ်သူတဦးက ပြောပါတယ်။

အလားတူ ဝိုင်းမော်-လိုင်ဇာလမ်းပိုင်းကစစ်အုပ်စုစခန်းတွေဖြစ်တဲ့ ခယာတောင်(Hkaya Bum)၊ဘွမ်ရဲတောင်(Bumre bum)၊ ဖွန်းပျန်တောင် (Hpun hpyen bum)စခန်းတွေကို KIAဘက်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ ခရာတောင်စကစ စခန်းလက်နက်တိုက်ပေါက်ကွဲ မီးလောင်သွားတယ်လို့သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *