ရင်းမှူးကတော် ဗိုလ်လေး၄ယောက်ဆွဲစား

တပ်ရင်းမှူးဇနီးနှင့်ဖောက်ပြန်သည့် စစ်သားလေးဦး လိုင်းခန်းမှ နှင်ထုတ်ခံရ

အ‌ရှေ့တောင်၊မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အခြေစိုက်သော အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်‌မြေရှိ အမှတ် (၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ အမှတ်(၁၀၆)ခြေလျင်တပ်ရင်းတွင် တပ်ရင်းမှူး၏ ဇနီးနှင့်ဖောက်ပြန်ခဲ့သည့် စစ်သားလေးဦးတို့ကို ၎င်းတို့၏လိုင်းခန်းများမှ တပ်ရင်းမှူးက နှင်ထုတ်ခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ခလရ(၁၀၆)တပ်ရင်းရုံးတွင် တပ်ရင်းမှူးအမိန့်အရ ခြုံရှင်းပေါင်းရှင်းနေသော တပ်သားများက တပ်ရင်းမှူး၏ဇနီးမှ ခိုင်းစေရန်ရှိသဖြင့် သူမ၏ နေအိမ်သို့ စစ်ကားဖြင့် သွားရောက်ခဲ့ကြသည်။

ထို့နောက်တွင် တပ်ရင်းမှူးဇနီးမှ ရောက်ရှိလာသော စစ်သားများကို မိမိနေအိမ်ထဲတွင် ပန်းကန်ဆေးရန်၊ ကြမ်းတိုက်တံမြက်စည်းလှဲရန်၊ နံရံဆေးသုတ်ရန်၊ မီးချောင်းလဲရန် ခိုင်းစေခဲ့သည်။

ထိုစဉ် တပ်ရင်းမှ လိုက်ပါလာသော ဗိုလ်ကြီးခန့်သူစံကို တပ်ရင်းမှူး၏ ဇနီးက အတင်းအဓမ္မ မဖွယ်မရာပြုရာ ဗိုလ်ကြီးက တပ်ရင်းမှူး၏ဇနီးကို ထိုသို့မပြုလုပ်ရန် တောင်းပန်သော်လည်း ခိုင်းသည့်အတိုင်းမလုပ်ပါက အရေးယူမည်ဟု ခြိမ်းခြောက်သဖြင့် ဗိုလ်ကြီးခန့်သူစံက စိတ်မပါဘဲ လိုက်လျောပေးခဲ့ရသည်။

၎င်းနောက် လေးပေမီးချောင်းဝယ်ပြီးပြန်လာသော တပ်ကြပ်ဇော်ဇော်က မီးချောင်းလဲရန် အခန်းထဲသို့ ဝင်လာစဉ် တပ်ရင်းမှူး၏ဇနီးနှင့် ဗိုလ်ကြီးခန့်သူစံတို့ကိုအတူတွေ့ရာ မိမိပါပါဝင်လိုကြောင်းပြောပြီး တပ်ကြပ်ဇော်ဇော်ပါ ပါဝင်ခဲ့ကြောင်းသိရသည်။ထို့နောက် တပ်ရင်းမှူးကလွှတ်လိုက်သော တပ်သားအောင်ဦးနှင့် တပ်သားအောင်ခန့်တို့ပါ ရောက်ရှိလာစဉ် ဗိုလ်ကြီးခန့်သူစံက အကူအညီလိုအပ်ကြောင်း ပြောသဖြင့် ၎င်းတို့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားနေစဉ် ခြံ‌နောက်ဖေးတွင် ခြုံရှင်းနေသော ဗိုလ်ထက်‌ဝေပိုင်က ပြတင်းပေါက်မှန်ဆေးရန် ဖြုတ်နေစဉ် ၎င်းမြင်ကွင်းကို တွေ့မြင်လိုက်ရသဖြင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးဖြိုးမောင်မောင်အား ဖုန်းဆက်တိုင်ကြားရာ ဒုတပ်ရင်းမှူးက ‌သူပါပါဝင်လိုကြောင်းပြောသဖြင့် ဗိုလ်ထက်ဝေပိုင်မှ လမိုင်းမြို့၌ အခြေ စိုက်သော တပ်ရင်းရုံးရှိ တပ်ရင်းမှူးအား ကိုယ်တိုင်သွားရောက် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ခလရ(၁၀၆) တပ်ရင်းမှူးက ၎င်းဇနီးနှင့်ဖောက်ပြန်ခဲ့သူလေးဦးတို့ကို တပ်ရင်းလိုင်းခန်းမှ နှင်ထုတ်ခဲ့ပြီး အခြားနှစ်ဦးတို့ကိုလည်း စစ်ဘက်ဥပဒေဖြင့် အရေးယူသွားမည်ဟု သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *