ယမန်နေ့က တိုက်ပွဲအတွင်း KIA ခြေမြန်တပ်မဟာ တပ်ရင်း ၂၅၄ ၏ ရင်းမှူး ကျဆုံး
မတ်လ ၈ ရက်
ယမန်နေ့ မတ် ၇ ရက်နေ့က စတင်လိုက်သည့် ကချင်ပြည်နယ်အတွင်း ထိုးစစ်တိုက်ပွဲတွင် KIA ၏ ခြေမြန်တပ်မဟာ လက်အောက်ခံ တပ်ရင်း ၂၅၄ ၏ တပ်ရင်းမှူး Labang Naw Tawng ကျဆုံးခဲ့ကြောင်း သိရသည်။
” မနေ့က ကျတာတော့ သူတစ်ယောက်ပဲ အရာရှိပါတယ်။ ရွှေညောင်ပင် (ဝိုင်းမော်မြို့နယ်) ဘက်မှာ ကျတယ်လို့လည်း ကြားတယ်။ နေရာကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု သတင်းရင်းမြစ်က ပြောသည်။
၎င်း သည် ယခင်က နာမည်ကြီးတိုက်ပွဲတစ်ခုဖြစ်သော ဂီဒေါင်စခန်းတိုက်ပွဲတွင်လည်း ပါဝင်တိုက်ခိုက်ခဲ့ဖူးသည့် စစ်ပြန်တစ်ဦးဖြစ်ကြောင်း သိရသည်။
ယမန်နေ့တိုက်ပွဲတွင် အဆိုပါတပ်ရင်းမှူးအပါအဝင် တော်လှန်ရေးရဲဘော်အချို့ ကျဆုံးခဲ့သည်။ သို့သော် အရေအတွက်ကို အတည်ပြုဆဲဖြစ်သည်။
မတ် ၇ ရက်နေ့မနက်မှစ၍ ကချင်ပြည်နယ် ဗန်းမော်-မြစ်ကြီးနားကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများ၏ ကာကင်းများကို KIA ၊ AA ၊ KPDF အပါအဝင် ဂေါ်ရခါးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကင်းစခန်း ၁၀ ခုခန့်ကို သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း သိရသည်။
ယမန္ေန႔က တိုက္ပြဲအတြင္း KIA ေျချမန္တပ္မဟာ တပ္ရင္း ၂၅၄ ၏ ရင္းမႉး က်ဆုံး
မတ္လ ၈ ရက္
ယမန္ေန႔ မတ္ ၇ ရက္ေန႔က စတင္လိုက္သည့္ ကခ်င္ျပည္နယ္အတြင္း ထိုးစစ္တိုက္ပြဲတြင္ KIA ၏ ေျချမန္တပ္မဟာ လက္ေအာက္ခံ တပ္ရင္း ၂၅၄ ၏ တပ္ရင္းမႉး Labang Naw Tawng က်ဆုံးခဲ့ေၾကာင္း သိရသည္။
” မေန႔က က်တာေတာ့ သူတစ္ေယာက္ပဲ အရာရွိပါတယ္။ ေ႐ႊေညာင္ပင္ (ဝိုင္းေမာ္ၿမိဳ႕နယ္) ဘက္မွာ က်တယ္လို႔လည္း ၾကားတယ္။ ေနရာကိုေတာ့ အတည္မျပဳႏိုင္ေသးဘူး” ဟု သတင္းရင္းျမစ္က ေျပာသည္။
၎ သည္ ယခင္က နာမည္ႀကီးတိုက္ပြဲတစ္ခုျဖစ္ေသာ ဂီေဒါင္စခန္းတိုက္ပြဲတြင္လည္း ပါဝင္တိုက္ခိုက္ခဲ့ဖူးသည့္ စစ္ျပန္တစ္ဦးျဖစ္ေၾကာင္း သိရသည္။
ယမန္ေန႔တိုက္ပြဲတြင္ အဆိုပါတပ္ရင္းမႉးအပါအဝင္ ေတာ္လွန္ေရးရဲေဘာ္အခ်ိဳ႕ က်ဆုံးခဲ့သည္။ သို႔ေသာ္ အေရအတြက္ကို အတည္ျပဳဆဲျဖစ္သည္။
မတ္ ၇ ရက္ေန႔မနက္မွစ၍ ကခ်င္ျပည္နယ္ ဗန္းေမာ္-ျမစ္ႀကီးနားကားလမ္းတစ္ေလွ်ာက္ရွိ စစ္ေကာင္စီတပ္စခန္းမ်ား၏ ကာကင္းမ်ားကို KIA ၊ AA ၊ KPDF အပါအဝင္ ေဂၚရခါးတပ္ဖြဲ႕မ်ားက ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ကာကင္းစခန္း ၁၀ ခုခန္႔ကို သိမ္းပိုက္ထားႏိုင္ခဲ့ေၾကာင္း သိရသည္။