ပျော်ရဲ့လားဟေ့ ဖရဲသီးတွေဘေးကင်းပါစေ

အင်းစိန်မြို့နယ်ရှိ စစ်တပ်၏ လေတပ်ဝန်ထမ်း အိမ်ရာဝင်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

မတ်လ ၈

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လေတပ်ဝန်ထမ်း အိမ်ရာဝင်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Urban Special Force (U.S.F) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် အင်းစိန်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လေတပ် ဝန်ထမ်း အိမ်ရာဝင်းကို Urban Special Force (U.S.F) က ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း လေတပ် ဝန်ထမ်း အိမ်ရာဝင်း အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ အရာရှိပိုင်းများ၊‌ လေတပ်အရာရှိ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ လုံခြုံရေး စစ်သားများ သေဆုံးမှုနှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှု ရှိနိုင်ကြောင်း သိရှိရသည်။

ယင်းသို့ တိုက်ခိုက်ရခြင်းသည် အပြစ်မဲ့ ပြည်သူများနှင့် ကလေးသူငယ်များကို လေကြောင်း တိုက်ခိုက်မှုများတွင် အပြစ်ရှိသူသော အကြမ်းဖက် စစ်တပ်၏ တိမ်းရှောင် အရာရှိပိုင်းများ ခိုအောင်းနေသည်ဟု အတွင်းသတင်းမေးချက်များအရ တိုက်ခိုက်ရခြင်းဖြစ်ကြောင်းသိရှိရသည်။

နောက်နောင်တွင်လည်း ပြည်သူများကို မတရားမှုများ ပြုလုပ်ရန် ကြံဆောင်နေသော အကြမ်းဖက် စစ်အုပ်စုများ၏ စီးပွားရေးပိုင်ဆိုင်မှုများအပြင် ပတ်သက်ဆက်နွယ်သူများ၊ ပတ်သက်ဆက်နွယ်မှုများကို စစ်ရေးပစ်မှတ်တစ်ခုအဖြစ် စစ်ရေး လှုပ်ရှားမှုများ ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း Urban Special Force (U.S.F) က ထုတ်ပြန်ထားသည်။

အင္းစိန္ၿမိဳ႕နယ္ရွိ စစ္တပ္၏ ေလတပ္ဝန္ထမ္း အိမ္ရာဝင္းကို ၄၀ မမ ျဖင့္ ပစ္ခတ္ တိုက္ခိုက္
မတ္လ ၈
ရန္ကုန္ၿမိဳ႕၊ အင္းစိန္ၿမိဳ႕နယ္ရွိ အၾကမ္းဖက္ စစ္တပ္၏ ေလတပ္ဝန္ထမ္း အိမ္ရာဝင္းကို ၄၀ မမ ျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့ေၾကာင္း Urban Special Force (U.S.F) မွ တာဝန္ရွိသူ တစ္ဦးက ေျပာဆိုသည္။
မတ္လ ၈ ရက္ေန႔ ညေန ၆ နာရီ ၃၀ မိနစ္ခန႔္တြင္ အင္းစိန္ၿမိဳ႕နယ္ရွိ အၾကမ္းဖက္ စစ္တပ္၏ ေလတပ္ ဝန္ထမ္း အိမ္ရာဝင္းကို Urban Special Force (U.S.F) က ၄၀ မမ ျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ တိုက္ခိုက္မႈအတြင္း ေလတပ္ ဝန္ထမ္း အိမ္ရာဝင္း အတြင္းရွိ အၾကမ္းဖက္ စစ္တပ္၏ အရာရွိပိုင္းမ်ား၊‌ ေလတပ္အရာရွိ ဝန္ထမ္းမ်ား၊ မိသားစုဝင္မ်ား၊ လုံၿခဳံေရး စစ္သားမ်ား ေသဆုံးမႈႏွင့္ အေဆာက္အဦးမ်ား ထိခိုက္ပ်က္စီးမႈ ရွိႏိုင္ေၾကာင္း သိရွိရသည္။
ယင္းသို႔ တိုက္ခိုက္ရျခင္းသည္ အျပစ္မဲ့ ျပည္သူမ်ားႏွင့္ ကေလးသူငယ္မ်ားကို ေလေၾကာင္း တိုက္ခိုက္မႈမ်ားတြင္ အျပစ္ရွိသူေသာ အၾကမ္းဖက္ စစ္တပ္၏ တိမ္းေရွာင္ အရာရွိပိုင္းမ်ား ခိုေအာင္းေနသည္ဟု အတြင္းသတင္းေမးခ်က္မ်ားအရ တိုက္ခိုက္ရျခင္းျဖစ္ေၾကာင္းသိရွိရသည္။
ေနာက္ေနာင္တြင္လည္း ျပည္သူမ်ားကို မတရားမႈမ်ား ျပဳလုပ္ရန္ ႀကံေဆာင္ေနေသာ အၾကမ္းဖက္ စစ္အုပ္စုမ်ား၏ စီးပြားေရးပိုင္ဆိုင္မႈမ်ားအျပင္ ပတ္သက္ဆက္ႏြယ္သူမ်ား၊ ပတ္သက္ဆက္ႏြယ္မႈမ်ားကို စစ္ေရးပစ္မွတ္တစ္ခုအျဖစ္ စစ္ေရး လႈပ္ရွားမႈမ်ား ဆက္လက္ ေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္း Urban Special Force (U.S.F) က ထုတ္ျပန္ထားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *