ဖားကန့်ကို saveထားလိုက်ပြီ အမျိုးတို့

ဖားကန့်အဝင်လမ်းများကို KIA ထိန်းချုပ်ထား

မတ်လ ၁၀

▪️စခန်းသိမ်းတိုက်ပွဲဆင်နွှဲမှု ၅လအတွင်း ကချင်ရှိ မြို့နယ် ၇ခုထက်မနည်းတွင် KIA၏ ထိန်းချုပ်ဧရိယာများ တိုးလာကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခန်စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့တွင် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်၍ ဖားကန့်အဝင်လမ်းများကို KIA ဘက်က ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။

ဖားကန့်ဝင်သည့် အဝင်အထွက် လမ်းသုံးခု ဖြစ်သော စစ်ကိုင်းဘက်ကဝင်သည့် တာမခံလမ်း ၊အင်းတော်ကြီးဘက်ကအဝင် ဝှေခါစခန်း ၊ မိုးကောင်း မြစ်ကြီးနားဘက်က တက်လာသည့် နန့်တိန်းစခန်းများကို KIA သိမ်းပိုက်ရရှိထားပြီး စခန်းထိုင်ထားပြီဟု သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

“ဖားကန့်က စကစ တွေတော့ခြေချုပ်မိနေပြီ မြစ်ကြီးနား ဖားကန့်လမ်းက နန့်ယားဂိတ်သိမ်းပြီးရင် ပွဲပြတ်ပြီ”ဟု ၎င်းက ဆိုသည်။အဆိုပါ အခြေအနေမှာ ဟုတ်မှန်ကြောင်း ကချင် စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

ယနေ့နံနက်အစောပိုင်းကစတင်ပြီး ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီက အင်တာနတ် Wifiများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။ထို့ပြင် မတ်လ ၇ရက်က စတင်ခဲ့သည့် KIA မဟာမိတ် ပူးပေါင်းတပ်၏ ထိုးစစ် ၃ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၂၀နီးပါးကို သိမ်းပိုက်ရရှိထားသည်။

ဆွမ်ပရာဘွမ်ရှိ တပ်စခန်းတစ်ခုကို မတ်လ ၈ရက် ညသန်းခေါင်ယံတွင် KIAက သိမ်းနိုင်ခဲ့ပြီး မတ်လ ၉ရက်က KIA ဌာနချုပ် လိုင်ဇာအနီးရှိ အမြင့်ဆုံးတောင်ကုန်း၌ တပ်စွဲထားသည့် ခါရာဘွမ်စခန်း၊ လိုင်ဇာအနီး လဂျားယန်ရှိ မဆေန်ဘွမ် စခန်းကို သိမ်းပိုက်ရရှိခဲ့သည်။ထို့ကြောင့် ၂၀၂၃ အောက်တိုဘာ ၁၈ရက်တွင် KIAက စတင်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲများ၌ ကချင်ပြည်နယ် မြို့နယ်အများအပြားရှိ စစ်ကောင်စီတပ်စခန်း များစွာကို သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

အထူးသဖြင့် လိုင်ဇာအနီးနေရာများ၊ ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ မံစီမြို့နယ်၊ ဖားကန့်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ မြစ်ကြီးနားမြို့နယ် တို့ရှိ စစ်ကောင်စီစခန်း အများအပြားကို KIAက သိမ်းပိုက်ထားသည်။ အင်ဂျန်းယန်မြို့နယ်တွင် KIAက မတိုက်ခိုက်ဘဲ စစ်ကောင်စီက တပ်စခန်းများ စွန့်ခွာသွား၍ ယင်းဒေသကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးသည် ဆက်ရှိနေမည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ယနေ့(မတ်လ ၁၀ရက်)နံနက်တွင် ပြောသည်။KIAသည် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်မှုများ လုပ်ဆောင်ခဲ့ရာ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာအခြေစိုက် ခလရ(၁၂၃) တပ်ရင်း၊ မဘိမ်းမြို့နယ်တစ်ခုလုံးရှိစစ်ကောင်စီစခန်းများ အပါအဝင် အခြားမြို့နယ်များရှိ တပ်စခန်းများကိုလည်း ၂၀၂၃ အောက်တိုဘာ ၁၈ရက်နောက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ထားသည်။

စစ်ကောင်စီက KIA ဌာနချုပ်လိုင်ဇာအနီးရှိ မုန်လိုင်ခတ်စစ်ရှောင်စခန်းကို ၂၀၂၃ အောက်တိုဘာ ဒုတိယပတ်က တိုက်ခိုက်ခဲ့၍ ကလေးငယ်များအပါအဝင် စစ်ရှောင်ပြည်သူ ၃၀ခန့်သေဆုံးကာ ၅၀ကျော်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်အပြီးတွင် စစ်ကောင်စီစခန်းများ သိမ်းပိုက်ခဲ့သည့် စစ်ဆင်ရေးများကို KIAက တစ်ခုပြီးတစ်ခု ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။KIA၏ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်၏ တိုက်လေယာဉ် တစ်စီး၊ ရဟတ်ယာဉ် တစ်စီးကိုပစ်ချတိုက်ခိုက်ခဲ့သည့်အပြင် ဟောင်ဝစ်ဇာအမြောက်၊ ပွိုင့်ဖိုက် စက်သေနတ်၊ လက်နက်ကြီး၊ လက်နက်ငယ်အများအပြား၊ ခဲယမ်း၊ ကျည်များစွာ၊ စစ်အသုံးအဆောင်ပစ္စည်းများစွာကိုသိမ်းပိုက်ရရှိခဲ့သည်။

စစ်ကောင်စီတပ်သားများစွာကို ချေမှုန်းနိုင်ခဲ့သည့်အပြင် မတ်လ ၈ရက်တွင် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန် အခြေစိုက် စစ်ကောင်စီတပ်ရင်း ၁ခုလုံး KIAထံ လက်နက်ချသည့် ဖြစ်စဉ်လည်းရှိခဲ့သည်။ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်တစ်ခု၊ မြို့အဝင်ဆိုင်းဘုတ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *