နင်တို့အလှည့်ရောက်ဘီ(ရုပ်သံ)

စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာတွင် ဈေးထွက်ဝယ်သည့် စစ်ဗိုလ် ၁ ဦးအပါအဝင် ၃ ဦးကို တော်လှန်ရေး တပ်ဖွဲ့က အရှင်ဖမ်းဆီး (ရုပ်/သံ)

မတ်လ ၁၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာတွင် ဈေးထွက်ဝယ်သည့် စစ်ဗိုလ် ၁ ဦးအပါအဝင် ၃ ဦးကို တော်လှန်ရေး တပ်ဖွဲ့က အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း Taw Twin Tup Pee Local အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ အနီး အမှတ် ၆၀၀၅ တင့်ကားတပ်မှ စစ်ဗိုလ် ကျော်ဇင်ထွန်း၊ တပ်ကြပ်ကြီး ဇင်မျိုးသိန်းနှင့် ဒုတပ်ကြပ် ဇော်ဖြိုးချစ် တို့ ဈေးဝယ်ထွက်လာစဉ် Taw Twin Tup Pee Local အဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲ စစ်ခွေး ၃ ကောင်ကို ကျွန်တော်တို့ စစ်ကိုင်း ခရိုင် တပ်ရင်းကို သွားအပ်လိုက်တယ်။ စစ်ခွေး ၃ ကောင်ကို ဘယ်လို ဆက်လက် အရေးယူထားလဲ ဆိုတာကိုတော့ မသိရဘူး။ သူတို့ အိတ်တွေထဲမှာတော့ သေနတ်တော့မပါလာဘူး။ အဲ ၃ ကောင်က စစ်ကိုင်းမြို့ကို ဈေးသွားဝယ်တာ သူတို့ကို ဖမ်းမိတော့ တပ်အထောက်အထား စာရွက် စာတမ်းတွေပါတယ်” ဟု Taw Twin Tup Pee Local အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးကို စစ်ကိုင်းခရိုင် PDF တပ်ရင်းက ဆက်လက် အရေးယူထားကြောင်း သိရသည်။

စစ္ကိုင္းၿမိဳ႕နယ္၊ အုန္းေတာ႐ြာတြင္ ေဈးထြက္ဝယ္သည့္ စစ္ဗိုလ္ ၁ ဦးအပါအဝင္ ၃ ဦးကို ေတာ္လွန္ေရး တပ္ဖြဲ႕က အရွင္ဖမ္းဆီး (႐ုပ္/သံ)

မတ္လ ၁၂

စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕နယ္၊ အုန္းေတာ႐ြာတြင္ ေဈးထြက္ဝယ္သည့္ စစ္ဗိုလ္ ၁ ဦးအပါအဝင္ ၃ ဦးကို ေတာ္လွန္ေရး တပ္ဖြဲ႕က အရွင္ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း Taw Twin Tup Pee Local အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ေျပာဆိုသည္။

၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလ ၁၁ ရက္ေန႔တြင္ စစ္ကိုင္းၿမိဳ႕နယ္၊ အုန္းေတာေက်း႐ြာ အနီး အမွတ္ ၆၀၀၅ တင့္ကားတပ္မွ စစ္ဗိုလ္ ေက်ာ္ဇင္ထြန္း၊ တပ္ၾကပ္ႀကီး ဇင္မ်ိဳးသိန္းႏွင့္ ဒုတပ္ၾကပ္ ေဇာ္ၿဖိဳးခ်စ္ တို႔ ေဈးဝယ္ထြက္လာစဥ္ Taw Twin Tup Pee Local အဖြဲ႕က ဝင္ေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အဲ စစ္ေခြး ၃ ေကာင္ကို ကြၽန္ေတာ္တို႔ စစ္ကိုင္း ခ႐ိုင္ တပ္ရင္းကို သြားအပ္လိုက္တယ္။ စစ္ေခြး ၃ ေကာင္ကို ဘယ္လို ဆက္လက္ အေရးယူထားလဲ ဆိုတာကိုေတာ့ မသိရဘူး။ သူတို႔ အိတ္ေတြထဲမွာေတာ့ ေသနတ္ေတာ့မပါလာဘူး။ အဲ ၃ ေကာင္က စစ္ကိုင္းၿမိဳ႕ကို ေဈးသြားဝယ္တာ သူတို႔ကို ဖမ္းမိေတာ့ တပ္အေထာက္အထား စာ႐ြက္ စာတမ္းေတြပါတယ္” ဟု Taw Twin Tup Pee Local အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ေျပာဆိုသည္။

အဆိုပါ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သား ၃ ဦးကို စစ္ကိုင္းခ႐ိုင္ PDF တပ္ရင္းက ဆက္လက္ အေရးယူထားေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *