အလောင်းပြန်မပေးဘူးတဲ့ ဝဋ်လည်တာပေါ့

ဖယ်ခုံ တိုက်ပွဲတွင် ကလော စစ်ဦးစီးတက္ကသိုလ် နည်းပြ ဒုဗိုလ်မှူးကြီးအောင်ကိုဝင်း ဒရုန်းဗုံးထိမှန်သေဆုံးမှု မုံရွာရှိ မိသားစုထံ စစ်တပ်က အကြောင်းကြားသော်လည်း အလောင်းပြန်မပေး

ရန်ကုန်၊ မတ် ၁၂

ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ ဖယ်ခုံ တိုက်ပွဲတွင် ကလော စစ်ဦးစီးတက္ကသိုလ် နည်းပြ ဒုဗိုလ်မှူးကြီးအောင်ကိုဝင်း ဒရုန်းဗုံးထိမှန်သေဆုံးခဲ့ပြီး သေဆုံးမှုနှင့်ပတ်သက်၍ မုံရွာရှိ မိသားစုထံသို့ စစ်တပ်က တရားဝင် အကြောင်းကြားသော်လည်း အလာင်းပြန်မပေးကြောင်း မိသားစုနှင့်နီးစပ်သူများက ပြောသည်။

မုံရွာမြို့နယ် ဇာတိဖြစ်သော ဒုတိယဗိုလ်မှူးကြီး အောင်ကိုဝင်းသည် ကလောစစ်ဦးစီးတက္ကသိုလ်တွင် နည်းပြ အဖြစ် တာဝန်ထမ်းဆောင်နေစဉ် စစ်ကောင်စီက ဖယ်ခုံတိုက်ပွဲသို့ အင်အား ၆၀ ပါသော စစ်ကြောင်းကို ခေါင်းဆောင်ခိုင်းပြီး စစ်တိုက်ခိုင်းကြောင်း၊ မတ်လ ၈ ရက်နေ့တွင် ဒရုန်းဗုံးထိမှန်ခဲ့ပြီး မတ်လ ၉ ရက်နေ့တွင် ရရှိသော ဒဏ်ရာဖြင့် ဒုတိယဗိုလ်မှူးကြီး အောင်ကိုဝင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဒုဗိုလ်မှူးကြီးအောင်ကိုဝင်းက မုံရွာဇာတိ။ သူ့အိမ်က မုံရွာမြို့နယ်၊ အောင်ချမ်းသာရပ်ကွက် ပဇ္ဇောတာရုံ ကျောင်း တိုက်အနီးမှာပါ။ ရှေ့တန်းမှာ ကျဆုံးကြောင်း စစ်တပ်က မိသားစုထံအကြောင်း ကြားတဲ့ ကြေးနန်းရောက်ပါပြီ။ အလောင်းကတော့ မိသားစုဆီကို ပြန်မပေးပါဘူး။

ရှေ့တန်း၊ တပ်ထဲမှာ သဂြိုလ်တယ်” ဟု မိသားစုနှင့်နီးစပ်သူ တစ်ဦးက အတည်ပြု ပြောဆိုသည်။ စစ်ကောင်စီက ရှေ့တန်းတွင် တိုက်ခိုက်ရေးတပ်များမှ စစ်သည်နှင့်အရာရှိများ တိုက်ပွဲအတွင်း သေဆုံးနေသဖြင့် လက်ရုံးတပ်များမှ စစ်သည်နှင့်အရာရှိများကို ရှေ့တန်း စေလွှတ် စစ်တိုက်ခိုင်းနေခြင်းဖြစ်ကြောင်း၊ လက်ရုံးတပ်များလည်း တိုက်ခိုက်ရေးတပ်များနည်းတူ ရှေ့တန်းတွင် သေဆုံးမှုများပြားနေကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *