ဧရာဝတီတိုင်းမှရှမ်းမြောက်သို့ ငှက်ပျောပင်ပေါက်စများပို့လွှတ်

ဧရာဝတီတိုင်းအတွင်းမှ စစ်သင်တန်းမပြီးဆုံးသေးသူများကို ရှမ်းမြောက်ရှေ့တန်းသို့ ပို့နေ

ဧရာဝတီတိုင်းမ်

နိုဝင်ဘာလ ၅ ရက်

အခြေခံစစ်သင်တန်း တက်ရောက်၍မပြီးဆုံးသေးသည့် ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်သား ၁၀၀ ဦးထက်မနည်းကို ရှမ်းမြောက်ရှေ့တန်းသို့ စေလွှတ်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ပုသိမ်မြို့ ခမရ-၃၀၆ တပ်တွင်း၌ စစ်သင်တန်းတက်ရာက်နေသည့် သင်တန်းသား( ၆၀) ဦးထက်မနည်းကို ရှမ်းပြည်နယ်မြောက်ပိုင်း၌ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်းသို့ စေလွှတ်ရန် ပြီးခဲ့သည့် အောက်တိုဘာလ ၃ရက်နေ့က အနောက်တောင်တိုင်းစစ်ဌာနချုပ်က ညွှန်ကြားခဲ့ကြောင်း ခမရ- ၃၀၆ တပ်တွင်းသတင်းအရင်းအမြစ်ထံကသိရှိရသည်။

“ရှမ်းမြောက်ကို ပထမတစ်သုတ်ပို့လိုက်တယ်။ လူအင်အားထပ်လိုတော့ တပ်ထဲမှာအင်အားလိုတာနဲ့ သင်တန်းတက်တဲ့သူတွေကိုပို့လိုက်တာ။နတခ ကနေညွှန်ကြားတဲ့သဘောပြောလို့ရတယ်။နောက်ထပ်လည်းသင်တန်းအမြန်ဆင်းခိုင်းပြီး ထပ်ပို့မယ်လို့ကြားထားတယ်”ဟု ခမရ- ၃၀၆ တပ်တွင်းသတင်းရင်းမြစ်ကပြောသည်။

အလားတူသာပေါင်းမြို့နယ်တွင်လည်း ပုသိမ်မြို့ ခလရ- ၃၈ ထံ စစ်သင်တန်းတက်ရောက်နေသူ ၄၀ ဦး ကို ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ပို့ဆောင်ခဲ့ပြီး ကျန်ရှိသည့် သင်တန်းသား ၆၀ဦးထက်မနည်းကို ရှေ့တန်းထပ်မံပို့ဆောင်သွားမည်ဖြစ်ကြောင်း ခလရ-၃၈ နှင့်နီးစပ်သည့်တပ်တွင်းသတင်းရင်းမြစ် ထံကသိရှိရသည်။

“ ခလရ-၃၈ မှာစစ်သင်တန်းတဲ့သူထဲက၄၀လောက်ကို ရှမ်းမြောက်ကိုပို့လိုက်ပြီ ။ ကျန်တဲ့သူတွေကိုလည်း သင်တန်းအခြေအနေကြည့်ပြီးထပ်ပို့ဖို့ရှိနေတယ်”ဟု ခလရ-၃၈ နှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် ပုသိမ် နှင့် သာပေါင်း မြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံခြေလျင်/ခြေမြန်တပ်များတွင် နိုဝင်ဘာလ ၁ရက်နေ့ကစ၍ စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်ကို ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ပထမအကြိမ်စေလွှတ်ခဲ့ပြီးနောက် တိုက်ပွဲအကျအဆုံး အများအပြားရှိနေကြောင်း သတင်းရရှိသည်။

အလားတူသာပေါင်းမြို့နယ်တွင်လည်း စစ်ကောင်တပ်အချို့သည် ရှေ့တန်းမထွက်လို၍မြို့အနီးရှိ ဘုရားကုန်း နှင့် ကွင်းပေါက်အုပ်စု စသည့်ကျေးရွာများထံ အကြောင်းအမျိုးမျိုးပြကာ စစ်ကြောင်းထိုးခြင်းနှင့်အယောင်ပြ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *