ခမ်းပတ်မြို့ ဆို့အောက် ရှင်းလင်းရေး(ရုပ်သံ)

ခမ်းပတ်မြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဥ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ တော်လှန်ရေးအဖွဲ့များအနက် တမူးခရိုင် တပ်ရင်း၂ ၊ စစ်ဒေသအထူး တပ်ရင်း ၂ ၊ အမှတ် ၁ စစ်ဒေသ လက်နက်ကြီး အဖွဲ့ ၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့ ၊ CNDF ၊ TDA ၊ RCDF နှင့် KNA-Burma တို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ကလေး-တမူး အာရှ အဝေးပြေးလမ်းပေါ်ရှိ ခမ်းပတ်မြို့ကို နိုဝင်ဘာလ ၃ ရက်နေ့က စတင်၍ ဝိုင်းပတ် တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက်တွင် နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းမှုများ ဆောင်ရွက်လျက် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမှတ် ၁ စစ်ဒေသသည် C3C ၏ အစီအစဉ်ဖြင့် KIA စစ်ဦးစီးချုပ်က စစ်ဒေသမှူးအဖြစ်လည်းကောင်း၊ KIA အရာရှိများက ခရိုင်ကွပ်ကဲရေးမှုးများ အဖြစ်လည်းကောင်း တာဝန်ယူလျက် PDF တပ်ရင်းများနှင့် ပကဖအဖွဲ့များကို လေ့ကျင့်ပျိုးထောင်ကာ အနီးကပ်ကွပ်ကဲမှု ရယူထားသော စစ်ဒေသဖြစ်ပြီး တိုက်ပွဲနှင့် ပတ်သတ်သော အသေးစိတ် အချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမျိုးသားညီ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဗီဒီယိုဖိုင်ကြည့်ရန်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *