ဒီဇင်ဘာ ၅ ရက်ကစပြီး စက်မှုလုပ်ငန်းရှင်တွေ ကိုယ့်အစီအစဉ်နဲ့ စက်သုံးဆီတင်သွင်းရမယ်လို့ဆို

ဒီဇင်ဘာ ၅ ရက်ကစပြီး စက်မှုလုပ်ငန်းရှင်တွေ ကိုယ့်အစီအစဉ်နဲ့ စက်သုံးဆီတင်သွင်းရမယ်လို့ဆို

BVJ/KNT၊ ဒီဇင်ဘာ ၁၊ ၂၀၂၃

လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့ကစတင်ပြီး စက်မှုလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်အသုံးပြုမယ့် စက်သုံးဆီကို သွင်းကုန်လိုင်စင်ရယူပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် တင်သွင်းအသုံးပြုရမယ်လို့ သက်ဆိုင်ရာအသင်းအဖွဲ့က လုပ်ငန်းရှင်တွေဆီ အကြောင်းကြားထားကြောင်း သိရပါတယ်။

အရင်က စက်မှုဇုန်တွေကို နိုင်ငံတော်က စက်သုံးဆီ ရောင်းချပေးခဲ့ပေမဲ့ အခုအချိန်မှာ သက်ဆိုင်ရာက သွင်းကုန်လိုင်စင် ထုတ်ပေးပြီး မိမိတို့ကိုယ်တိုင် တင်သွင်းကြရန် ညွှန်ကြားထားတယ်လို့ စက်မှုဇုန်လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။

စက်မှုလုပ်ငန်းရှင်တစ်ဦးက “ဒီအတိုင်းဆိုရင် ကျွန်တော်တို့က ၂ ခါနာတယ်ပြောရမှာပေါ့၊ ပို့ကုန်ရငွေကို လည်း ၅၀/၅၀ သတ်မှတ်ထားသေးတယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဘာမှမလုပ်လည်း ထိုင်စား ရင်ကုန်မှာပဲ၊ လုပ်ပြန်တော့လည်း ရှုံးမှာပဲ၊ အခုတော့ ပိုတဲ့ ဆီကို ပြင်ပပေါက်ဈေးနဲ့ ပြန်ရောင်းခွင့်တော့ တင်ပြထားတယ်” လို့ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက်မှာ ဓာတ်ဆီ “92” တစ်လီတာ ၂၁၇၀ ကျပ်၊ “95” တစ်လီတာ ၂၃၀၀ ကျပ်နှုန်းနဲ့ စက်သုံးဆီအရောင်းဆိုင်များက သတ်မှတ်ရောင်းချခဲ့ပေမဲ့ ဒီဇင်ဘာ ၁ ရက်မှာ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီက “92” တစ်လီတာ ၂၅၁၀ ကျပ်၊ “95”တစ်လီတာ ၂၆၄၀ ကျပ် သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *