မင်းတပ်မြို့အတွက်ဝိုင်းဆုတောင်းပေးကြပါ

မင်းတပ်မှာ စစ်ဆင်ရေးဖော်ဆောင်နေပြီလို့ CDF-Mindat အသိပေး

BVJ/KNT _ ဒီဇင်ဘာ ၅၊ ၂၀၂၃

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ပြည်သူတွေမြင်ချင်တဲ့တိုက်ပွဲတွေဆင်နွှဲနေပြီလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Mindatက ဒီနေ့ ဒီဇင်ဘာ ၅ ရက်မှာ အသိပေးထားပါတယ်။

လက်ရှိအသိပေးထုတ်ပြန်မှုမှာ တိုက်ပွဲဆင်နွှဲနေပြီဖြစ်တာကြောင့် ပြည်သူများ ဆုတောင်းပေးကြဖို့သာပြောထားပြီး တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး အတိအကျထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

မနေ့က ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှ‌တော့ CDF-Mindat နဲ့ စစ်ကောင်စီတပ်တို့ မင်းတပ်မြို့ပေါ်၊ ဘဝသစ်ရပ်ကွက်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးတာရှိခဲ့တယ်လို့လည်း သိရပါတယ်။

အခုလအစောပိုင်းကစပြီး မင်းတပ်မြို့တွင်းနေ အရပ်သားပြည်သူတွေကို စစ်ကောင်စီက အကာကွယ်ယူပြီး နေအိမ်အပြင်ထွက်သူတွေကို ပစ်မိန့်ပေးထားတဲ့အခြေအနေတွေကြောင့် မင်းတပ်မြို့တွင်း တိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*