ရန်ကုန်သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းမမှာရှိတဲ့ သုဝဏ္ဏရခစခန်းအုန်း အုန်း အုန်း

သုဝဏ္ဏရဲစခန်းကို မြို့ပြပျောက်ကြားအဖွဲ့က ပြင်းအားမြင့်မိုင်းနဲ့ တိုက်ခိုက်

BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၅ ၊ ၂၀၂၃

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းမမှာရှိတဲ့ သုဝဏ္ဏရဲစခန်းကို မြို့ပြပျောက်ကြားအဖွဲ့က ပြင်းအားမြင့်မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပြီး မိုင်းပေါက်ကွဲမှုကြောင့် အနီးနားဝန်းကျင် အိမ်တွေပါ တုန်သွားတဲ့အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ယနေ့ နံနက် ၇:၀၅ နာရီဝန်းကျင်မှာ သုဝဏ္ဏမြို့မ (စခန်း ၂၀) ရဲစခန်း အဝင်ဂိတ်ဝကို ကို ရန်ကုန် အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ မဟာမိတ်အဖွဲ့က ပြင်းအားမြင့်မိုင်းနဲ့ ၂ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နောက်ဆက်တွဲ သေဆုံးမှုရှိ မရှိကိုတော့ မသိရသေးပါဘူး။

“သုဝဏ္ဏရဲစခန်း အဝင်ဂိတ်နားကို ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်တာပါ။ စကစ ရဲတစ်ယောက် ထိတယ်။ ကျွန်တော်တို့ကတော့ ဘေးကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ အနောက်ပိုင်းခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးက Burma VJ ကို ပြောပါတယ်။

သုဝဏ္ဏရဲစခန်း ပြင်းအားမြင့်မိုင်းနဲ့ တိုက်ခိုက်ခံရချိန် အနီးနားဝန်းကျင်အိမ်တွေပါ တုန်ခါသွားတယ်လို့ သုဝဏ္ဏမှာ နေထိုင်သူတစ်ဦးကလည်း ပြောပါတယ်။

“ဒီမနက် ၇ နာရီလောက် ဗုံးကွဲသံ ၂ ခါ ကြားလိုက်ရတယ်။ ကျွန်တော်တို့ အိမ်တောင် သိသိသာသာ တုန်သွားတာ၊ ဒါတောင် ရဲစခန်းနဲ့ ကျွန်တော်တို့အိမ် နည်းနည်းဝေးသေးတယ်။ အနီးနားအိမ်တွေဆို ပိုသိသာမှာ” လို့ သုဝဏ္ဏမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အနောက်ပိုင်းခရိုင် ပကဖနဲ့ Yangon Army အဖွဲ့တို့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကလည်း ရန်ကင်းမြို့နယ် ရန်ကင်းမြို့မ ရဲစခန်းကို ပြင်းအားမြင့်မိုင်းနဲ့ တိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၂၄ ရက် မြောက်ဥက္ကလာပမြို့နယ် မြို့နယ် လျှပ်စစ်ရုံးရှေ့မှာ လုံခြုံရေးတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ – ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲစခန်းရှေ့ စစ်ကောင်စီအဖွဲ့များ စစ်ဆေးနေစဉ် (Photo: CJ)

Be the first to comment

Leave a Reply

Your email address will not be published.


*