မအိပ်ခင်လေး ဝမ်သာလိုက်တော့ဗျို့

နမ့်ဆန်မြို့က စစ်စခန်း အားလုံးကို TNLA သိမ်းပိုက်ရရှိ၊ ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေနဲ့ ခဲယမ်းအများအပြားရရှိ

ဒီဇင်ဘာ၊ ၁၇

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ရှိ စစ်စခန်း အားလုံးကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီးနဲ့ ခဲယမ်း အများအပြားရရှိခဲ့တယ်လို့ TNLA က အသိပေး ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ကာ နမ့်ဆန်မြို့ရှိ စစ်စခန်းအားလုံးကို TNLA က တိုက်ခိုက်ခဲ့ပြီး ၆ ရက်အကြာ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် နမ့်ဆန်မြို့ရှိ စစ်ကောင်စီ၏ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် စစ်စခန်းများ၊ တပ်မတော်ပိုင် လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်း အပါအဝင် စစ်ကောင်စီ ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်လိုက်ခြင်းဖြစ်ပါတယ်။

နမ့်ဆန်မြို့ရှိ စစ်စခန်းသည် ပခုက္ကူ အခြေစိုက် တပ်မ-၁၀၁ နှင့် လက်အောက်ခံတပ်ဖြစ်သည့် ခလရ-၂၅၈ မှ လာရော က်ထိုးစစ်ဆင်စခန်းချသည့် တပ်စခန်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ တပ်များဖြစ် သည့် အမှတ် ၆၂၆ နှင့် ၉၂၉ တို့ အခြေချရာ မြို့လည်း ဖြစ်ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က ၆၀ လောက်သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၃၀ ကျော်လောက် ဖမ်းဆီးရရှိမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

နမ့်ဆန်မြို့ရှိ စစ်တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း အကြမ်းဖက် စစ်တပ်၏ မန်တုံ ခလရ-၁၃၀ တပ်က လက်နက်ကြီးဖြင့် အချက်ရေများစွာ ပစ်ကူပေးခဲ့ပြီး လေကြောင်းဖြင့် Mi35 ၁ ကြိမ်၊ ART-42 ၅ ကြိမ်၊ Jet Fighter ၁၉ ကြိမ်၊ Y12 လေယာဥ် ၅ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *