ရွှေဘိုမြို့ရှိ KBZ ဘဏ် ၂ရှေ့အမိုက်စားအက်ရှင်(ရုပ်/သံ)

ရွှေဘိုမြို့ရှိ KBZ ဘဏ် ၂ ရှေ့မှာ လုံခြုံရေးယူနေတဲ့ အကြမ်းဖက်စစ်သားတွေကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက် (ရုပ်/သံ)

++++++++++++++++++++

ဇန်နဝါရီ ၃၁ ရက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရှိ KBZ ဘဏ် ၂ ရှေ့မှာ လုံခြုံရေးယူနေတဲ့ အကြမ်းဖက်စစ်သားတွေကို လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း Flying Dragon Force မှ သတင်းထုတ်ပြန်ထားပါ တယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ရွှေဘိုမြို့ရှိ KBZ ဘဏ် ၂ ရှေ့မှာ လုံခြုံရေး ယူထားတဲ့ စစ်သားနဲ့ ရဲအဖွဲ့ကို တော်လှန်ရေးရဲဘော်က လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Flying Dragon Force ၊ သိင်္ခအားမာန်၊shwebo Crocodile၊ ရွှေဘိုအားမာန်မြို့ပြောက်ကျားတပ်ဖွဲ့၊ ကျားညီနောင် NDRF၊ တံတားညီနောင်၊ ရှင်းရှင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ၊ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင်(ဒပယ) တန၊၂ တပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *