ကိုးကန့်ဒေသအတွင်း ရာဇဝတ်မှု လုပ်ကိုင်သူများကို စီမံချက်ဖြင့် ဖမ်းဆီးနေ

ကိုးကန့်ဒေသအတွင်း တရားမဝင် ရာဇဝတ်မှု လုပ်ငန်းလုပ်ကိုင်သူများကို စီမံချက်ဖြင့် ဖမ်းဆီးနေ

+++++++++++++++

ဖေဖော်ဝါရီ၊ ၄

MNDAA ထိန်းချုပ်ထားတဲ့ ကိုးကန့် အထူးဒေသအတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ လက်နက်ကိုင်ဆောင်မှု လုပ်ကိုင်သူတွေကို စီမံချက်နဲ့ ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်ဖြစ်တဲ့ The Kokang မီဒီယာမှာ ဖော်ပြလာပါတယ်။

အထူးဒေသ နယ်မြေရှင်းလင်းရေးလုပ်ငန်း အဖြစ် ပြစ်မှု ကျူးလွန်သူ 30ကျော်နှင့်ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ဆက်စပ် လက်နက်ခဲယမ်းနှင့်အီလက်ထရောနစ်ပစ္စည်​တွေဖမ်းဆီးရရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုးကန့်ဒေသ စွမ်းဟော့ချိန်နဲ့ တုံချိန်ရှိ အဓိက နေရာ ၂ခုတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူ ၃၆ ဦးနှင့် ပြစ်မှုကျုးလွန်ရာမှာ အသုံးပြုတဲ့ လက်ကိုင်ဖုန်းအများအပြား နှင့်ဆက်စပ် လက်နက်ခဲယမ်းသိမ်းဆည်းရရှိမိတယ်လို့ ထုတ်ပြန်ပါတယ်။

တရားဝင် နေထိုင်တဲ့ ပြည်ပနိုင်ငံသားတွေကို ယာယီနေထိုင် ခွင့် မှတ်ပုံတင်ရေး၊ယာယီနေထိုင်ခွင့်သက်သေခံလက်မှတ်ပြုလုပ်ပေးမယ့် အစီအစဉ်လည်းရှိတယ်လို့ သိရပါတယ်။

ကိုးကန႔္ေဒသအတြင္း တရားမဝင္ ရာဇဝတ္မႈ လုပ္ငန္းလုပ္ကိုင္သူမ်ားကို စီမံခ်က္ျဖင့္ ဖမ္းဆီးေန
+++++++++++++++
ေဖေဖာ္ဝါရီ၊ ၄
MNDAA ထိန္းခ်ဳပ္ထားတဲ့ ကိုးကန႔္ အထူးေဒသအတြင္း အြန္လိုင္းေငြေၾကးလိမ္လည္မႈ၊ မူးယစ္ေဆးဝါး၊ လက္နက္ကိုင္ေဆာင္မႈ လုပ္ကိုင္သူေတြကို စီမံခ်က္နဲ႔ ရွင္းလင္းေရး လုပ္ငန္းမ်ား လုပ္ေဆာင္ေနတယ္လို႔ ေဒသတြင္း သတင္းအရင္းအျမစ္ျဖစ္တဲ့ The Kokang မီဒီယာမွာ ေဖာ္ျပလာပါတယ္။
အထူးေဒသ နယ္ေျမရွင္းလင္းေရးလုပ္ငန္း အျဖစ္ ျပစ္မႈ က်ဴးလြန္သူ 30ေက်ာ္ႏွင့္ျပစ္မႈက်ဴးလြန္ရာမွာ အသုံးျပဳတဲ့ ဆက္စပ္ လက္နက္ခဲယမ္းႏွင့္အီလက္ထေရာနစ္ပစၥည္​ေတြဖမ္းဆီးရရွိတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ကိုးကန႔္ေဒသ စြမ္းေဟာ့ခ်ိန္နဲ႔ တုံခ်ိန္ရွိ အဓိက ေနရာ ၂ခုတြင္ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ ျပစ္မႈက်ဴးလြန္တယ္လို႔ သံသယရွိသူ ၃၆ ဦးႏွင့္ ျပစ္မႈက်ဳးလြန္ရာမွာ အသုံးျပဳတဲ့ လက္ကိုင္ဖုန္းအမ်ားအျပား ႏွင့္ဆက္စပ္ လက္နက္ခဲယမ္းသိမ္းဆည္းရရွိမိတယ္လို႔ ထုတ္ျပန္ပါတယ္။
တရားဝင္ ေနထိုင္တဲ့ ျပည္ပႏိုင္ငံသားေတြကို ယာယီေနထိုင္ ခြင့္ မွတ္ပုံတင္ေရး၊ယာယီေနထိုင္ခြင့္သက္ေသခံလက္မွတ္ျပဳလုပ္ေပးမယ့္ အစီအစဥ္လည္းရွိတယ္လို႔ သိရပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *