ဆန်အိပ်၃၀၀တဲ့ဝေ့ နန့်တိန်းစခန်းကလှူလိုက်တယ်

KIA က သိမ်းပိုက်ရရှိထားသော နန့်တိန်းစခန်းမှ အလောင်း၊ လက်နက်ခဲယမ်းနှင့် ဆန်အိတ် ၃၀၀ ကျော် သိမ်းဆည်းရရှိရန်ကုန်၊ ဖေဖော်ဝါရီ ၄ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြစ်ကြီးနား-ဖားကန့် ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်ရင်း ခမရ-၁၂၀၏ ရှေ့တန်းစခန်းဖြစ်သည့် နန့်တိန်းစခန်းကို ဖေဖော်ဝါရီလ ၃ရက် နံနက်ပိုင်းတွင် KIAနှင့် PDF ပူးပေါင်းတပ်များက အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး လက်နက် ၆လက်နှင့် ဆန်အိတ် ၃၀၀ကျော် သိမ်းဆည်းရရှိခဲ့သည်ဟု KIA သတင်းရင်းမြစ်နှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။နန့်တိန်းတပ်စခန်းကို ဖေဖော်ဝါရီလ ၂ရက်မှ စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ၃ရက်နေ့ နံနက် ၁၁နာရီဝန်းကျင်တွင် အပြီးသတ်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ (၆၀)မမ လက်နက်ကြီးတစ်လက်၊ MA-3 ၃လက်၊ MA-1 ၂လက်၊ ဒရုန်းတစ်စင်း၊ ဗုံးသီးများနှင့် ကျည်ဆန် ၁၅၀၀၀ခန့်၊ ရိက္ခာဂိုထောင်၂လုံးအတွင်းမှ ဆန်အိတ် ၃၀၀ခန့် သိမ်းဆည်းရရှိခဲ့ကြောင်း KIAသတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

” ဖားကန့်မြို့အဝင်မှာရှိတဲ့ နန့်တိန်းနဲ့ ဝှေခါစခန်းကုန်းတွေကို ၁လပိုင်း ၆ရက်နေ့ကတည်းက ပိတ်‌ဆို့တိုက်ခိုက်တာ။ ဝှေခါက ချက်ချင်းရပြီးတော့ နန့်တိန်ကိုက ပိတ်ဆို့ထားပြီး လက်နက်ချမလားလို့ စောင့်နေတာ။ လက်နက်မချတော့ အခုပြန်သိမ်းတာ။ အလောင်း ၄ လောင်းတွေ့ရတယ်။ ကျန်တဲ့ စကစတွေက သူတို့မသယ်နိုင်တဲ့ လက်နက်တွေကို ဖျက်ဆီးပစ်ပြီး ထွက်ပြေးသွားတာ။ ငါးကြင်းမြှီးစက်သေနတ်တွေဆိုရင်လည်း ကျိုးကွဲနေပြီး ပစ်မရတော့ဘူး” ဟု ပြောသည်။

ဖေဖော်ဝါရီ ၂ရက် ည၈နာရီမှစ၍ စခန်းကို ထိန်းချုပ်ထားနိုင်ခဲ့‌သော်လည်း တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း လုံးခင်းဗျူဟာ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး အလုံး ၄ဝကျော် ပစ်ကူပေးခဲ့ပြီး တိုက်လေယာဉ်ဖြင့် ‌ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၃ရက်‌နေ့ နံနက်ပိုင်းအထိ တိုက်ပွဲဆက်လက်ဖြစ်ပွား‌နေခဲ့ကြောင်း ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။”ဝှေခါစခန်းက ဟိုပင်ဘက်ကနေ ဖားကန့်ကို ဝင်တဲ့လမ်းပေါ်မှာရှိတာ။ နန့်တိန်းက မိုးကောင်း၊ ကာမိုင်းဘက်ကနေ လာရင် ဖားကန့်အဝင်မှာရှိတာ။ မြစ်ကြီးနား – ဖားကန့်လမ်းကို တပ်မ ၃၃ လက်အောက်ခံတပ် စခန်းကုန်းတွေက ထိန်းထားတာပေါ့။ ဖားကန့်အဝင်က စစ်ကောင်စီအတွက် စစ်ရေးအရ အချက်အခြာကျတဲ့ စခန်းနှစ်ခုလုံးကို ရပြီလို့ ပြောလို့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါနန့်တိန်းစခန်း၏ မိခင်တပ်ရင်းဖြစ်သည့် ခမရ-၁၂၀ သည် ဝန်းသိုမြို့နယ်တွင် အခြေစိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော ကောလင်းမြို့ကို နေ့စဉ်ရက်ဆက် ဟောင်းဝစ်ဇာအမြှောက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိနေကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *