ခမရ (၆၀၃)မွှင်းခါးပွဲ၂၀အမုန်းကြိတ်

သံတောင်ကြီး လိပ်သိုမြို့ရှိ စစ်ကောင်စီ ခမရ (၆၀၃) တပ်ရင်း နဲ့ ရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်

စခန်းမှူး အပါအဝင် ၂၀ကျော် သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့

++++++++++++++++++++++++

ဖေဖော်ဝါရီ၊ ၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ စစ်ကောင်စီရဲ့ အထိုင်တပ်ရင်း ခမရ (၆၀၃) တပ်ရင်းနှင့် ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးပြီး အများ အပြားဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ရက်နေ့၊ မနက် ၈နာရီ ၁၅ မိနစ်အချိန်မှာ လိပ်သိုမြို့မ(ရဲစခန်း) ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၂) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အချိန် ၂ နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း လိပ်သိုမြို့မ (ရဲစခန်း) တွင်း စခန်းမှူး အပါအဝင် ၂၀ကျော် သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါ တယ်။

တဆက်တည်းမှာပဲ လိပ်သိုမြို့ရှိ စစ်ကောင်စီရဲ့ အထိုင်တပ်ရင်းဖြစ်တဲ့ ခမရ (၆၀၃) ကိုလည်း နေ့လည် ၁၁ နာရီ၊ ၂၀ မိနစ်အချိန်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မြေပြင်ရဲဘော်တစ်ဦးက “ လိပ်သို မိုင်းစခန်းကို တော့ ရခဲ့ပါပြီ။ မီးရှို့ဖျက်ဆီးခဲ့ပါတယ်” လို့ မောင်းကို ပြောပါတယ်။

ထိုလိပ်သိုရဲစခန်းကို တိုက်ခိုက်နေစဉ်အတွင်းမှာ မီတာ ၁၀၀၀ လောက်သာဝေးတဲ့ လိပ်သိုအခြေစိုက် စစ်ကောင် စီ ဗျူဟာတပ်မှ လက်နက်ကြီးပစ်ကူတာတွေ ရှိခဲ့သလို တောင်ငူဘက်မှလည်း စစ်ကူတွေ ရောက်ရှိလာနေ တယ်လို့ သတင်းရရှိခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သူက ပြောပြပါတယ်။

ယခုစစ်ဆင်ရေးကို KNLA တပ်မဟာ (၂) အထူးတပ်ရင်း၊ တပ်ဖွဲ့ဖြစ်တဲ့ Sniper Force နှင့် အလယ်ပိုင်းတိုင်း နေပြည်တော် PDF တပ်ရင်း (806) နဲ့ Spring Hero Column (နွေဦးသူရဲကောင်းများစစ်ကြောင်း) တို့က စစ်ကောင်စီတပ်တွေကို ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ- တော်လှန်ရေးတပ်ဖွဲ့တွေ မီးရှို့ဖျက်းဆီခဲ့တဲ့ လိပ်သိုရှိ စစ်ကောင်စီစခန်း

သံေတာင္ႀကီး လိပ္သိုၿမိဳ႕ရွိ စစ္ေကာင္စီ ခမရ (၆၀၃) တပ္ရင္း နဲ႔ ရဲစခန္းကို ေတာ္လွန္ေရးအဖြဲ႕ေတြ တိုက္ခိုက္
စခန္းမႉး အပါအဝင္ ၂၀ေက်ာ္ ေသဆုံးကာ အမ်ားအျပားဒဏ္ရာရရွိခဲ့
++++++++++++++++++++++++
ေဖေဖာ္ဝါရီ၊ ၄
ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္၊ လိပ္သိုၿမိဳ႕ရွိ စစ္ေကာင္စီရဲ႕ အထိုင္တပ္ရင္း ခမရ (၆၀၃) တပ္ရင္းႏွင့္ ရဲစခန္းကို ေတာ္လွန္ေရးပူးေပါင္းတပ္ေတြက တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီဘက္မွ ၂၀ ေက်ာ္ေသဆုံးၿပီး အမ်ား အျပားဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသတြင္းသတင္းရင္းျမစ္ေတြဆီကေန သိရပါတယ္။
ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂ရက္ေန႔၊ မနက္ ၈နာရီ ၁၅ မိနစ္အခ်ိန္မွာ လိပ္သိုၿမိဳ႕မ(ရဲစခန္း) ကို ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) တပ္မဟာ (၂) နဲ႔ PDF ပူးေပါင္းတပ္ဖြဲ႕ေတြက ဝင္ေရာက္ တိုက္ခိုက္ ခဲ့ျခင္းျဖစ္ၿပီး အခ်ိန္ ၂ နာရီဝန္းက်င္ခန႔္ ၾကာျမင့္ခဲ့တဲ့ အဲဒီတိုက္ပြဲအတြင္း လိပ္သိုၿမိဳ႕မ (ရဲစခန္း) တြင္း စခန္းမႉး အပါအဝင္ ၂၀ေက်ာ္ ေသဆုံးကာ အမ်ားအျပားဒဏ္ရာရရွိခဲ့တယ္လို႔ စစ္ေရးသတင္းရင္းျမစ္ေတြက ေျပာပါ တယ္။
တဆက္တည္းမွာပဲ လိပ္သိုၿမိဳ႕ရွိ စစ္ေကာင္စီရဲ႕ အထိုင္တပ္ရင္းျဖစ္တဲ့ ခမရ (၆၀၃) ကိုလည္း ေန႔လည္ ၁၁ နာရီ၊ ၂၀ မိနစ္အခ်ိန္မွာ ၁၀၇ မမ ေရွာ့တိုက္ဒုံး ႏွစ္လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။
ေျမျပင္ရဲေဘာ္တစ္ဦးက “ လိပ္သို မိုင္းစခန္းကို ေတာ့ ရခဲ့ပါၿပီ။ မီးရႈိ႕ဖ်က္ဆီးခဲ့ပါတယ္” လို႔ ေမာင္းကို ေျပာပါတယ္။
ထိုလိပ္သိုရဲစခန္းကို တိုက္ခိုက္ေနစဥ္အတြင္းမွာ မီတာ ၁၀၀၀ ေလာက္သာေဝးတဲ့ လိပ္သိုအေျခစိုက္ စစ္ေကာင္ စီ ဗ်ဴဟာတပ္မွ လက္နက္ႀကီးပစ္ကူတာေတြ ရွိခဲ့သလို ေတာင္ငူဘက္မွလည္း စစ္ကူေတြ ေရာက္ရွိလာေန တယ္လို႔ သတင္းရရွိခဲ့တာေၾကာင့္ ျပန္လည္ဆုတ္ခြာခဲ့ရတယ္လို႔ သူက ေျပာျပပါတယ္။
ယခုစစ္ဆင္ေရးကို KNLA တပ္မဟာ (၂) အထူးတပ္ရင္း၊ တပ္ဖြဲ႕ျဖစ္တဲ့ Sniper Force ႏွင့္ အလယ္ပိုင္းတိုင္း ေနျပည္ေတာ္ PDF တပ္ရင္း (806) နဲ႔ Spring Hero Column (ေႏြဦးသူရဲေကာင္းမ်ားစစ္ေၾကာင္း) တို႔က စစ္ေကာင္စီတပ္ေတြကို ပူးေပါင္းတိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ပုံစာ- ေတာ္လွန္ေရးတပ္ဖြဲ႕ေတြ မီးရႈိ႕ဖ်က္းဆီခဲ့တဲ့ လိပ္သိုရွိ စစ္ေကာင္စီစခန္း

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *