Posted inBaydin
တနင်္ဂနွေ သားသမီးများ အတွက် ၉လပိုင်း တလစာ ဟောစာတမ်း
ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူများအနေနဲ့ အလုပ်နှောင့်နှေးကြန့်ကြာမှုတွေ မှန်းချက်နှမ်းထွက်မကိုက်သလို အခြေအနေအမျိုးမျိုး ပြောင်းလဲနေတာတွေကြောင့် အခက်အခဲလေးတွေပူပင်မှုလေးတွေရှိနေမယ့်ကာလပါ ဘာပဲလုပ်လုပ် သတိဝီရိယထားပီးကြိုးစားလုပ်ဆောင်ဖို့လိုအပ်ပါတယ် လခစားဝန်ထမ်းများအနေနဲ့ လက်ရှိလုပ်ငန်းခွင်ထဲစိတ်မပါလက်မပါဖြစ်နေပီး တက်လမ်းပိတ်ဆို့မှုလေးတွေရှိနေတတ်ပါတယ် အခွင့်အရေးရတာနဲ့ အပြောင်းအလဲသစ်အလုပ်သစ်တွေကိုရှာဖွေသင့်တဲ့ကာလပါအလုပ်ရှာဖွေနေသူတွေအတွက်မိမိအရည်အချင်းနဲ့ကိုက်ညီမှုရှိမယ့် အလုပ်တွေအစား အခြားသောအလုပ်တွေကိုရရှိပီး လုပ်ကိုင်ဆောင်ရွက်လိုစိတ်မရှိတာမျိုးလေးတွေရှိတတ်ပါတယ် ပြည်ပထွက်ခွာဖို့ စီစဥ်နေသူများ နှောင့်နှေးကြန့်ကြာမှုလေးတွေကြုံရတတ်ပီး အချိန်ခဏပေးစောင့်ဆိုင်းပီးမှသာပြေလည်သွားဖို့ရှိပါတယ် ငွေကြေးကံနဲ့ ပတ်သက်ရင် မိမိရှာသမျှငွေ ဘယ်ရောက်သွားမှန်းမသိ ဘယ်လိုကုန်လို့ကုန်မှန်းမသိဖြတ်သန်းနေရတတ်ပါတယ် ရသလောက်လေးနဲ့တင်းတိမ်ရောင့်ရဲရမယ့်အနေအထားပါ ပညာရေးကံကတော့ ဘယ်လမ်းကြောင်းရွေးလို့ရွေးရမှန်းမသိ လမ်းပျောက်သလိုအနေအထားတွေဖြစ်နေတတ်ပါတယ် အကျိုးမရှိမယ့်ပညာရပ်တွေအပေါ်…