Posted inBaydin
အင်္ဂါ သားသမီးများ အတွက် ၉ လပိုင်း တစ်လစာ ဟောစာတမ်း
ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူများအနေနဲ့ အစုစပ်ဆောင်ရွက်မှုတွေကနေအကျိုးအမြတ်ကောင်းရတတ်သလို လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရတာလေးတွေရှိတတ်ပါတယ်လခစားဝန်ထမ်းများအနေနဲ့ လက်ရှိလုပ်ငန်းခွင်ထဲ လုပ်ဖော်ကိုင်ဖက်များနဲ့အချိတ်အဆက်မိမိ လုပ်ကိုင်ဆောင်ရွက်နိုင်ပီး ရာထူးလစာတိုးတက်ဖို့ရှိနေပါတယ် ကိုယ့်အကြံဥာဏ်နဲ့ဆန်းသစ်မှုများအပေါ် အလုပ်ရှင် သို့ အထက်အရာရှိက သဘောကျနှစ်သက်တာလေးတွေရှိပါလိမ့်မယ် အလုပ်ရှာဖွေနေသူတွေအတွက်မိမိမျှော်မှန်းထားတဲ့အလုပ်ခွင်တခုမှာ ဝင်ရောက်လုပ်ကိုင်ခွင့်လေးလက်ခံရရှိပါလိမ့်မယ်ပြည်ပထွက်ခွာဖို့ စီစဥ်နေသူများ သတင်းကောင်းကြားရပီးထွက်ခွာခွင့်ရတော့မှာပါ ငွေကြေးကံနဲ့ ပတ်သက်ရင် ရစရာရှိတဲ့ငွေကြေးများနဲ့ပတ်သက်လို့ သတင်းကောင်းကြားရမှာပါ အစုအလိုက်အပြုံလိုက်ငွေဝင်တာထက် နည်းနည်းချင်းစီငွေဝင် ငွေရွှင်နေပါလိမ့်မယ် ပညာရေးကံကတော့ သင်ယူလေ့လာမှုအားကောင်းနေတာကြောင့် ဘယ်အရာမှာပဲ ဖြစ်ဖြစ် ထူးချွန်စွာ တတ်မြောက်လွယ် သင်လွယ်…