ပရိသတ်တွေသူ့ကို ဘယ်လောက်ချစ်ခင်လဲဆိုတာ ဗီဒီယိုနဲ့တကွသက်သေပြလိုက်တဲ့ မင်းသားချောဟိန်းဝေယံ

ပရိသတ်တွေသူ့ကို ဘယ်လောက်ချစ်ခင်လဲဆိုတာ ဗီဒီယိုနဲ့တကွသက်သေပြလိုက်တဲ့ မင်းသားချောဟိန်းဝေယံ

ပရိသတ်ကြီးရေ… သရုပ်ဆောင် မင်းသားချော ဟိန်းဝေယံကတော့ အနုပညာလောကမှာ ပရိသတ်တွေ့ရဲ့ချစ်ခင်မှုကို ဆယ်စုနှစ်တစ်ခုတိုင် ရရှိ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဟိန်းဝေယံဟာ ဇာတ်ရုပ် ပေါင်းများစွာကို သရုပ်ဆောင်နိုင်ပေမယ့် သူ့ရဲ့အပြင်ပန်း ပုံစံကတော့ အနေအထိုင်အေးဆေးပြီး သဘောမနော ကောင်းသူတစ်ယောက်ဖြစ်တယ်လို့ မှတ်ချက်ချခံထား ရသူ ဖြစ်ပါတယ်။

လတ်တလောမှာ ဇာတ်ကားတွေရိုက်ကူးနေသလို ပွဲ တက်တွေကိုလည်း အချိန်ပေးတက်ဖြစ်နေတဲ့ ဟိန်းဝေ ယံဟာ ဒီကနေ့မှာလည်း မြိတ်မြို့က ဈေးရောင်းပွဲတော်အတွက်တက်ရောက်ပေးဖြစ်ခဲ့တာပဲဖြစ်ပါ တယ်။ ဟိန်းဝေယ်က ရတနာဆိုင်ဈေးရောင်းပွဲတော်ကို တက်ရောက်ရင်း မြိတ်မြို့က ချစ်ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ဟိန်းဝေယံကတော့ မြိတ်မြို့က ပရိသတ်တွေရဲ့ ကြိတ်ကြိတ်တိုးအားပေးမှုကို သဘောမနောကောင်စွာနဲ့ တုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ သဘောကောင်းလွန်းတဲ့ဟိန်းဝေယံရဲ့ ပျူငှာဖော်ရွေတဲ့ပုံစံလေး ကြောင့် ပိုပြီးအချစ်ပိုသွားကြမယ် ထင်ပါတယ်နော်။

Photo Credit;Hein Wai Yan






Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *