ရာခုတ်ကိုင်ရွာ အနောက်ဘက်တောင်ကုန်း သိမ်း(ရုပ်သံ)

MNDAAအင်အားတစ်စုသည် ရာခုတ်ကိုင်ရွာ အနောက်ဘက်တောင်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့

လားရှိုးမြို့နယ်နဲ့ ကိုးကန့်ဒေသမှ စစ်ကောင်စီ တပ်စခန်းတွေကို ဆက်တိုက်သိမ်းယူနေတယ်လို့ ကိုးကန့်ဘက်က သတင်းထုတ်ပြန်လာပါတယ်။

စခန်း ၁၁ ခုနဲ့ စစ်ကောင်စီ တပ်သား ၁၀ ဦးကို ဖမ်းဆီးရမိပြီး လက်ရှိ အရှင်ဖမ်းဆီးရမိသူ ၅၀ ထက်မနည်း ရှိနေပြီလို့လည်း ဆိုပါတယ်။

ချင်းရွှေဟော်က ကျေးရွာ ၂ ရွာဖြစ်တဲ့ Niupingziba နဲ့ Maxuping ရွာကို စစ်ကောင်စီက ဗုံးကြဲလို့ နေအိမ်တွေ ပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

လားရှိုးရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကိုလည်း ဒီနေ့မနက်ပိုင်းမှာ သိမ်းနိုင်ခဲ့ပြီး ဒရုန်းအပါအဝင် အရှင် ၃ ဦး ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ရဲစခန်း ၂ ခုလည်း ဝင်စီးခံရပြီး ၆ လုံးပြူး သေနတ်နဲ့ ငွေသားတွေပါ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*