ကော့ကရိတ်မြို့နယ်မှာ နဂါးနဲ့ကျာဖျော်ဖြေရေး

ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ၊ ကော့နွဲ့ကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း Saw Dragon Drone Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အောက်တိုဘာလ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၄၄ မိနစ်ခန့်တွင် ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာ စာသင်ကျောင်း၌ အင်အား ၃၀ ကျော်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို KNLA ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီ ၄၄ မိနစ်အထိ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကာ ၁၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဒဏ်ရာ ရရှိသူများကို ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။

“ဒရုန်းနဲ့ မချခဲ့ဘူး၊ မြေပြင်တပ်ဖွဲ့တွေက ဝင်တိုက်ခဲ့တာပါ။ ကျနော်တို့ဘက်က ရဲဘော် ၂ ဦးဒဏ်ရာရခဲ့ ပါတယ်၊ ဒါပေမယ့် မစိုးရိမ်ရပါဘူး” ဟု Saw Dragon Drone Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို Saw Dragon Drone Force – SDDF မြေပြင်တပ်ဖွဲ့ ၊နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း နှင့်အတူ KNLA တပ်ရင်း ၁၈ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *