အလှူအတန်းရက်ရေလိုက်တာ အဘရယ်(ရုပ်သံ)

စစ်ကောင်စီ၏ ဖောင်းဆိုင် ဗျူဟာစခန်းကို သိမ်းပိုက်ရရှိစဉ် လက်နက်ခဲယမ်း ဂိုဒေါင်ပါရှိခဲ့ပြီး လက်နက်ခဲယမ်းကို ကားများစွာဖြင့် သယ်ယူရ ၊ စစ်တပ် က လေကြောင်းဖြင့် လက်နက် ဂိုဒေါင်ကို ပြန်လည်ပစ်ခတ် ဖောက်ခွဲ (ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၂

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီ၏ ဖောင်းဆိုင် ဗျူဟာစခန်းကို သိမ်းပိုက်ရရှိစဉ် လက်နက်ခဲယမ်း ဂိုဒေါင်ပါရှိခဲ့ပြီး လက်နက်ခဲယမ်းများမှာ သယ်ယူ၍ မကုန်နိုင်အောင် ကားများစွာဖြင့် သယ်ယူခဲ့ရကြောင်း ၊ ယင်းနောက် စစ်တပ်က လေကြောင်း ဖြင့် လက်နက်ခဲယမ်း ဂိုဒေါင်ကို လာရောက်ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း ရှေ့သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဖောင်းဆိုင်မြို့ရှိ လက်နက်ခဲယမ်း ဂိုဒေါင်များ ပါရှိသော ဗျူဟာစစ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများကို သယ်ယူခဲ့ရကြောင်း၊ လက်နက်ခဲယမ်းများမှာ အလွန်များပြားကြောင်း၊ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်းတွင် ဖောင်းဆိုင် ဗျူဟာစခန်းရှိ လက်နက်ဂိုဒေါင်များကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*