နွားထိုးကြီးမှာ နတ်နတ်သီးမိုးရွာသွန်း

နွားထိုးကြီးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦး သေဆုံး၊ ဆီမီးခုံမြို့၌ ဘောလုံးပွဲ ကျင်းပနေသော စစ်သားများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စစ်သား ၁၅ ဦးခန့်သည် နွားထိုးကြီး -မြို့သာလမ်းပိုင်း အောင်ချမ်းသာ ကျေးရွာအနီး၌ စစ်ဆေးရေးလုပ်ဆောင်နေစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ဗုံးသီးက M9 နဲ့ကျဲချခဲ့တာပါ၊ ဒရုန်းထိခိုက်ပျက်စီးတာ မရှိပါဘူး၊ သူတို့ဘက်က သေဆုံးမှုစာရင်းကျ တော့ အတွင်းသတင်းအရ သိရတာပါ၊ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အချိန်ယူပြင်ဆင်ခဲ့တာမျိုးမဟုတ် ဘူး၊ သူတို့ကလည်း တပ်စွဲတာလဲ ရက်ပိုင်းပဲရှိသေးတာ၊ တစ်ရက် နှစ်ရက်လောက်ပဲ၊ လမ်းပေါ်ထွက် ပြီး တော့ ဂိတ်ချလို့ ဆိုပြီး ကျနော်တို့ဘက်က တိုက်ခိုက်ခဲ့တာပါ” ဟု နွားထိုးကြီး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ခန့်တွင် နွားထိုးကြီးမြိုနယ်၊ ငှက်ပျောအိုင် ကျေးရွာအတွင်း၌ အင်အား ၃၀ ခန့်ဖြင့် ယာယီ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု ရှိမရှိ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်- ၄ တပ်ရင်းမှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ထို့ပြင် မြင်းခြံခရိုင်၊ ဆီမီးခုံမြို့၊ ဆီမီးခုံရေနက်ဆိပ်ကမ်းတွင် ဘောလုံးပွဲ ကျင်းပနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike ထံမှ သိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့က ဆီမီးခုံရေနက် ဆိပ်ကမ်း၌ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲ၊ ပျူစောထီးများ ဘောလုံးပွဲ ကျင်းပနေစဉ် မောင်သူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘောလုံးပွဲ အပြီး အနားယူနေသော အဆောင်ကို ထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြားထိ ခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

ထိုသို့ အထိနာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများမှ လက်နက်ကြီး လက်နက်ငယ် များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း၊ ယနေ့ ည ၈ နာရီကျော်အထိ အကြမ်းဖက် စစ် တပ် စစ်သင်္ဘောပေါ်မှ ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း MDDS အမှတ် ၁၈၄၈ ဒရုန်းတပ်က ထုတ်ပြန် ထားသည်။

အဆိုပါတိုက်ခိုက်မှုကို Myingyan District Drone Strike အမှတ် ၁၈၄၈ တပ်ရင်း ၊ Shar Htoo Waw နည်းပညာ(Team2)၊ ရွှေဂျိုးဖြူ-ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံမြို့နယ်ပြည်သူကာကွယ်ရေးတပ် ဖွဲ့၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၂ ၊ မြင်းခြံခရိုင်တပ်ရင်း ၃-၄-၆ ၊ ငါန်းဇွန်မြို့နယ် ပြည်သူကာကွယ်ရေး တပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံ နဂါးနီ ၊ ဒေါင်းနီပြောက်ကျားတပ်ဖွဲ့၊ မိုရှေဒါယန်အဖွဲ့၊ MHLG Wing နှင့် ညောင်ဦးခရိုင် တပ်ရင်း ၁ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *