ယနေ့ အင်္ဂါနေ့ (၂၉.၈.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ယနေ့ သြဂုတ် ၂၉၊ ၂၀၂၃ (အင်္ဂါနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3630 – 3710
ဥရောပယူရို 3940 – 4060
ဗြိတိသျှစတာလင်ပေါင် 4460 – 4600
သြစတြေးလျဒေါ်လာ 2330 – 2400
ဂျပန်ယန်း 24.65 – 25.43

တောင်ကိုရီးယားဝမ် 2.70 – 2.80
အိန္ဒိယရူပီး 43.60 – 45.00
စင်ကာပူဒေါ်လာ 2600 – 2690
မလေးရှားရင်းဂစ် 770 – 802
တရုတ်ယွမ် 497 – 510
ထိုင်းဘတ် 102.56 – 105.80

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3780,000 – 3810,000 ကျပ်ဝန်းကျင် ရှိနေပြီး ၁၅ ပဲရည်ရွှေဈေးသည် 3550,000 ကျပ်ခန့် ရှိနေသည်။

ယမန်နေ့ ဈေးပိတ်ချိန်က ပြင်ပရွှေဈေးသည် 3730,000 – 3740,000 ကျပ် ဖြစ်ခဲ့သည်။ ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ရည်ညွှန်းရွှေဈေးမှာ 2267,900 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 1925 ဒေါ်လာခန့် ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ရွှေအရောင်းအဝယ်များ အေးနေသည်ဟု သိရပြီး လာမည့် စက်တင်ဘာမှ စတင်ကာ ယခင်နှစ်များအတိုင်း ရွှေဈေးများ ပြန်အေးလာဖွယ် ရှိသည်ဟု ခန့်မှန်းနေကြသည်။ ယခုလအတွင်း ရွှေဈေးသည် အမြင့်ဆုံး ကျပ် ၃၉ သိန်းခွဲအထက် ရောက်ခဲ့ပြီးမှ လက်ရှိတွင် ကျပ် ၃၈ သိန်းပတ်လည်သို့ ပြန်ကျလာနေကြောင်း တွေ့ရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*