မြင်းမူမှာလည်း လျက်ဆားပုလင်းနဲ့ဧည့်ခံ

မြင်းမူ အ.ထ.က ၁ ကျောင်းတွင် တပ်စွဲရန် စစ်ကား ၂ စီးဖြင့် ရောက်လာသည့် စစ်ကြောင်းကို ဗုံးပစ် တိုက်ခိုက်မှု စစ်သားများဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း မြင်းမူမြိုရှိ မြင်းမူ အ.ထ.က ၁ ကျောင်းတွင် တပ်စွဲရန် စစ်ကား ၂ စီးဖြင့် ရောက်လာသည့် စစ်ကြောင်းကို ဗုံးပစ် တိုက်ခိုက်ရာ စစ်သားများဒဏ်ရာရရှိကြောင်း True Fighter မြင်းမူမြိုပြပြောက်ကြားတပ်ဖွဲခေါင်းဆောင် ဗိုလ်စွန်ရဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသညသ်။

နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန် အထက ၁ မြင်းမူကျောင်းသို ရောက်ရှိလာသော စစ်တပ်ကို မြိုပြပြောက်ကျားအဖွဲများက ဗုံးပစ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ ဦးပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ အကြမ်းဖက်စစ်ကောင်စီက စစ်ကား ကားကြီး ၂ စီး ရောက်ရှိလာတယ်လို သတင်းပေးပိုမှုအရ မြိုပြပြောက်ကျားတပ်ဖွဲတွေက သွားရောက်ချဉ်းကပ်ခဲ့ပြီး မနေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်မှာ အသစ်ရောက်ရှိလာတဲ့ စစ်ခွေး ၃၀ ခန့် အရပ်ဝတ် Gun ကိုယ်စီနဲ့ တန်းစီနေတဲ့အချိန် ကျွန်တော်တို လျက်ဆားပုလင်းပစ်ခတ်ပြီးတော့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်။ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး အနီးအနားက တပ်သားများစွာလည်း ဒဏ်ရာများစွာ ရရှိတယ်” ဟု True Fighter မြင်းမူမြိုပြပြောက်ကျားတပ်ဖွဲခေါင်းဆောင် ဗိုလ်စွန်ရဲက ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို True Fighter မြင်းမူမြိုပြပြောက်ကျားတပ်ဖွဲနှင့် Zero ပြည်သူ့ကာကွယ်ရေးမြင်းခြံမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *