ကျီးလန့်စာ စားနေရတာ ခဝေးတွေဝဋ်လည်နေပီ

ခင်ဦးမြို့မရဲစခန်းရှိ စစ်သားများ ညအချိန် လာရောက်တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် ညမအိပ်ရဲဘဲ နေရာပြောင်း အိပ်နေကျ၊ ရွာသစ်ကုန်းရွာမှ စစ်ကောင်စီ တပ်သားများလည်း ရေဦးမြို့ကို ထွက်ပြေးရန် စီစဥ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မရဲစခန်းရှိ စစ်သားများ ညအချိန် လာရောက်တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် ညမအိပ်ရဲဘဲ နေရာပြောင်း အိပ်နေကျကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင် ခင်ဦးမြို့မ ရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ ဗိုလ်အဆင့် ရှိသူအပါအဝင် စစ်သားတချို့သည် ခင်ဦးမြို့မ ရဲစခန်းကို ကာကွယ်ရေးအဖွဲ့များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲ၍ ဝင်ရောက် တိုက်ခိုက်မည်ဟု သတင်း​များကြောင့် အောင်မင်္ဂလာရပ်ကွက်အတွင်း သွားရောက် ပုန်းအိပ်ကာ နိုဝင်ဘာ ၈ ရက်နေ့ နံနက်အစောပိုင်းမှ စခန်းကို ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

ထို့ပြင် ခင်ဦးမြို့နယ် ရွာသစ်ကုန်း ပျူစောထီးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်း နိုဝင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပစ္စည်းအချို့ကို ရေဦးမြို့သို့ သယ်ပို့ကာ ထွက်ပြေးရန် စီစဉ်နေကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရှိရသည်။

“တိတ်တိလေးပြေးကြတာ။ ခင်ဦးနယ်က ပျူတွေ ရေဦးမြို့ပေါ် ထွက်ပြေးဖို့ လုပ်နေတာပါ။ တိုက်ပွဲ မရှိသေးဘူး” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ရေဦးမြို့နယ်တွင် ယနေ့ မွန်းလွဲပိုင်း၌ မြို့တွင်း အထပ်မြင့်တိုက်များကို အကြမ်းဖက်စစ်သားများက လိုက်လံကြည့်ရှု၍ ညနေပိုင်းတွင် ဇွဲသန်၊ ကံ့ကော် စသည့် အထပ်မြင့်များပေါ်တွင် နေရာယူတပ်စွဲထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*