တနင်္လာသားသမီးများအတွက် စက်တင်ဘာ ၉ လပိုင်း တစ်လစာ ဟောစာတမ်း

တနင်္လာသားသမီးများအတွက် စက်တင်ဘာ ၉ လပိုင်း တစ်လစာ ဟောစာတမ်း

တနင်္လာ သားသမီးများ အတွက် ၉လပိုင်း တလစာ ဟောစာတမ်း

ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူများအနေနဲ့ မိမိကြိုးစားထားတဲ့အောင်မြင်မှုအသီးအပွင့်လေးတွေရရှိတတ်ပါတယ် အဲ့လိုအောင်မြင်မှုရတာနဲ့အတူ အတိုက်အခံ အတိုက်အခိုက်တွေလဲ တွဲပါလာတတ်လို့ စိတ်ရှုပ်တဝက်ပျော်တဝက်ဖြတ်သန်းရတတ်ပါတယ်

လခစားဝန်ထမ်းများအနေနဲ့ လက်ရှိလုပ်ငန်းခွင်ထဲ
ကိုယ့်အမှားသေးသေးလေးကအစ ပုံကြီးချဲ့ဝေဖန်တတ်သူတွေရှိတတ်ပါတယ် အလုပ်လုပ်သူတိုင်းဝေဖန်ခံရတာချီးကျူးခံရတာတွေကမထူးဆန်းပါဘူး စေတနာနဲ့ဝေဖန်ထောက်ပြမှုတချို့ကိုသာလက်ခံပါ ချီးကျူးမှုမှာသာယာမနေဘဲ ကဲ့ရဲ့လဲ မကျရှုံးဘဲ
ကိုယ့်လမ်းကိုယ်မှန်မှန်သာဆက်လျှောက်ဖို့လိုပါတယ်
အလုပ်ရှာဖွေနေသူတွေအတွက်မိမိမျှော်မှန်းထားတဲ့ရာထူး လစာနဲ့ ကိုက်ညီမှုမရှိတဲ့အလုပ်တွေရလာတတ်ပါတယ်
ပြည်ပထွက်ခွာဖို့ စီစဥ်နေသူများ မျှော်လင့်ထားသလို စီစဥ်ထားသလို ထွက်ခွာခွင့်ရရှိတတ်ပါတယ်

ငွေကြေးကံနဲ့ ပတ်သက်ရင် ငွေကြေးကိစ္စအရှုပ်အထွေးတွေကြားဝင်ပါမိပီး ပြဿနာတက်ရတတ်ပါတယ် ငွေပေးငွေယူကိစ္စတွေ အာမခံချေးငွေ ကိစ္စတွေနဲ့ပတ်သက်ပီးသတိထားဖို့လိုပါတယ်

ပညာရေးကံကတော့ ဆရာကောင်းသမားကောင်းများရဲ့လမ်းညွှန်ပြသမှုတွေကြောင့် ပညာရေးမှာ အဆင်ပြေပြေချောချောမွေ့မွေ့သင်ယူခွင့်ရရှိတတ်ပါတယ်

အချစ်ရေးမှာတော့ ချစ်သူရှိပီးသားသူတွေအနေနဲ့ဘာမဟုတ်တာလေးနဲ့ စကားများရန်ဖြစ်တာ ပြဿနာတက်တာလေးတွေရှိတတ်ပါတယ် စကားမှားလို့မရတဲ့အနေအထားမျိုးပါ
ချစ်သူမရှိသေးသူတွေ ချစ်သူနဲ့လမ်းခွဲထားသူတွေကတော့ ကိုယ်နဲ့လိုက်ဖက်မှုမရှိသူကိုမှ သနားချစ်နဲ့ချစ်မိသွားတတ်ပါတယ်

အိမ်ထောင်ရေးနဲ့ပတ်သက်ရင်တော့ ပြဿနာများအပေါ် တယောက်နဲ့တယောက်အပြစ်ပုံချရင်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်ဖို့မေ့လျော့နေတတ်ကြပါတယ် တယောက်နဲ့တယောက် သိမ်ငယ်စေတဲ့စကားအသုံးအနှုန်းတွေသုံး တိုက်ခိုက်တာတွေလျှော့ပီး ညှိနှိုင်းဖြေရှင်းကြဖို့လိုပါတယ်

ကျန်းမာရေးကတော့ သူများက သတိပေးလဲ
နားမထောင် ပေတာ တေတာ တွေကြောင့် နေထိုင်
မကောင်းဖြစ်တတ်ပါတယ် ပေတေမနေဘဲ မိမိကျန်းမာရေးအတွက် တတ်ကျွမ်းသူများနဲ့ ပြသပါ
ကုသပါ

လူမှုရေး ကံလေးကတော့မိမိဘာပဲ လုပ်လုပ် ဘေးကနေဝေဖန်သူတွေရှိတတ်ပါတယ်အဲ့လိုသူတွေနဲ့ ဝေးဝေးရှောင်ဖို့ မှသာ ကိုယ့်စိတ်အေးချမ်းမယ်ဆိုတာ
မမေ့ပါနဲ့

တလတာလုံးကံမြင့်ကံပွင့်ပီး အစစအရာရာအဆင်ပြေစေဖို့ လိုအပ်သူအချို့အတွက် ဆေးဝါး ဆေးပစ္စည်း မိမိတတ်နိုင်တဲ့ပမာဏ ဒါနပြုပေးပါ

Viber / Telegram က မေးမယ်ဆိုရင် Phone 09-977253287 မှာ မေးလို့ရပါတယ်📱

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *