မယ်စဲ့ကအယ်ဘရဲ့…လှူတော် မင်္ဂလာ

မယ်စဲ့မြို့နယ် ပန်တိန်းစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲရရှိသည့် လက်နက်ခဲယမ်းများ NUG ပြသ

ဝင်းမောင်/People’s Spring

ကရင်နီ(ကယား)ပြည်နယ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ကရင်နီဒေသတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရရှိခဲ့သည့်လက်နက်ခဲယမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ဖော်ပြသခဲ့သည်။

နိုဝင်ဘာ ၇ရက်က မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာ စစ်ကောင်စီ၏ ကာကင်းကုန်း နှစ်ခုကို တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြသည့် ဓာတ်ပုံများအရ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ်နှင့် စနိုက်ပါအပါအဝင် စုစုပေါင်း ၁၆လက်ထက်မနည်း သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီးကျည်များ၊ (၄၀)မမ ကျည်များနှင့်အီနာကာဗုံးသီးများ လက်နက်ငယ်ကျည်များ စွာကိုတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ဆင်ရေးကို ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး-ကလလတ(KNPLF)၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ဘောလခဲPDF၊ ဖားဆောင်း PDF တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ဆင်ရေးကို ‘၁၁၀၇စစ်ဆင်ရေး’ဟုလည်း အမည်ပေးထားသည်ကို ကရင်နီသတင်းရင်းမြစ်အချို့က ပြောသည်။

(ပန်တိန်းစခန်းသိမ်းတိုက်ပွဲမှ ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – MOD)

Be the first to comment

Leave a Reply

Your email address will not be published.


*