လွိုင်ကော်မြို့ အရေးပါသည့် စခစခန်း ၃ ခုကို သိမ်းပိုက်

လွိုင်ကော်မြို့ကို တော်လှန်ရေးတပ်ပေါင်းစု ဝင်တိုက်၊အရေးပါသည့် စစ်တပ်စခန်း ၃ ခုကို သိမ်းပိုက်

နိုဝင်ဘာလ ၁၁ ရက်

ကယား(ကရင်နီ)ပြည်နယ်တွင် ၁၁၀၇စစ်ဆင်ရေးအဖြစ် လွိုင်ကော်မြို့ကို တော်လှန်ရေးတပ်ပေါင်းစု က ဝင်တိုက်လျက်ရှိရာ အရေးပါသည့် စစ်တပ်စခန်း ၃ခုကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်းသိရသည်။

နိုဝင်ဘာ ၁၀ရက်၊ညနေ၆နာရီခန့်မှ စတင်ပြီး ကယား(ကရင်နီ)ပြည်နယ်ရှိ တော်လှန်ရေးတပ်ပေါင်းစုက လွိုင်ကော်မြို့ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။

“မနေ့က ညနေထဲက လွိုင်ကော်ကို စတိုက်နေတာ။အခုတော့ တိုက်ပွဲခဏငြိမ်နေတယ်။လွိုင်ကော်ထဲက ဘုရားဖြူရွာရယ်၊နမ့်မယ်ခုံမြို့ရယ် နောက်ထပ် အရေးပါတဲ့နေရာတစ်ခုရယ်ကို ရထားပြီးပါပြီ”ဟု ၎င်းကယနေ့ညနေ ၃နာရီ ၄၅မိနစ်ခန့်က ပြောသည်။

ယနေ့(နိုဝင်ဘာ၁၁ရက်) နံနက် ၅နာရီ ၁၈မိနစ်ခန့်မှစတင်ကာ လွိုင်ကော်မြို့ တက္ကသိုလ်ဝန်းအတွင်းသို့ စစ်ကောင်စီတပ် ဝင်ရောက် တပ်စွဲထားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ၁၁၀၇စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသည့် ရဲဘော်တစ်ဦးက ပြောသည်။

“စကစတွေ အများဆုံးတပ်စွဲထားတာ လွိုင်ကော်တက္ကသိုလ်ထဲမှာပဲ။အရှေ့ဘက် ကန်တင်းနားက အဆောင်တွေ အကုန်နီးပါး ဆရာမ တချို့တော့ရှိတယ်။

ကျန်တာ စစ်ခွေးတွေ ၊လောပိတအဆောင်ဘက်ခြမ်း အကုန် စစ်ခွေးတွေကြီးပဲ။ဝင်ဝင်ချင်း မြောက်ဘက်ခြမ်းမှာရှိတယ်”ဟု ၎င်းက ပြောသည်။

ယနေ့ နံနက် ၉နာရီ၄၅မိနစ်ခန့်တွင် စစ်ကောင်စီတပ်က SU 35ဂျက်လေယာဉ်ဖြင့် လွိုင်ကော်မြို့ရှိ ဘုရားဖြူ ကျေးရွာနှင့် နမ့်မယ်ခုံမြို့ တို့ကို ဗုံး ၃ကြိမ်ကြဲချခဲ့ကြောင်း KNDFစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“မနက် ရုရှားက နောက်ဆုံးဝင်တဲ့ လေယာဉ်နဲ့ ဗုံး ၃ ကြိမ်ကြဲသွားတယ်။အခုထိကတော့ အခြေအနေတင်းမာနေဆဲပါ။လွိုင်ကော်တိုက်ပွဲထဲမှာ ကျွန်တော်တို့ ၁၁၀၇စစ်ဆင်ရေးမှာ ပါဝင်တဲ့ ရဲဘော် ၂ ဦး ကျခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က နမ့်ဘော်ဝမ်ရပ်ကွက်၌ တင့်ကားများနေရာချထားပြီး လွိုင်ကော်စစ်ဆေးရုံတွင်လည်း ဒရုန်းပစ်ခတ်မှုကို တားဆီးရန် Jammerများချထားကြောင်း MPAက စုံစမ်းသိရသည်။

Photo – ပေးပို့။ / ပုံစာ – SU 35ဂျက်လေယာဉ်ကို ယနေ့ တွေ့ရစဉ်။

Be the first to comment

Leave a Reply

Your email address will not be published.


*