လက်ဆစ်တွေ ချိုးဖူးသူတိုင်း ဒီပို့လေးကို ကျော်မသွားပါနဲ့ အရေးကြီးလို့ပါ

လက်ဆစ်တွေ ချိုးဖူးသူတိုင်း ဒီပို့လေးကို ကျော်မသွားပါနဲ့…အရေးကြီးလို့ပါ

သင်.. လက်ဆစ်တွေ ချိုးဖူးပါသလား အရေးကြီးတယ်နော်

လက်ဆစ်ချိုးတာက လက်ကို ထိခိုက်စေနိုင်ကြောင်း ပြောစမှတ် တစ်ခုရှိပါတယ်။

လက်ဆစ်ချိုးရာမှ ထွက်လာတဲ့အသံက သင့်အတွက် ဆိုးကျိုးဖြစ်စေပါသလား။ အဆစ်အမြစ်တွေဟာ လက်တွေ လှုပ်ရှားတဲ့အခါ
အရိုးဆစ်တစ်ခုနဲ့တစ်ခု ပွတ်တိုက်မှု လျှော့နည်းစေတဲ့အရည်တစ်မျိုး synovial fluid ရှိရာ နေရာဖြစ်ပါတယ်။သူ့မှာ ဂတ်စ် (အောက်စီဂျင်၊ နှိုက်ထရိုဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်) တွေ ပါဝင်ပါတယ်။

လက်ဆစ်ကို ဖောက်ခနဲမြည်အောင် ချိုးလိုက်တဲ့အခါမှာ အရိုးတစ်ခုနဲ့တစ်ခုကြား နေရာဟစေပါတယ်။ပိုဟလာတဲ့ နေရာလပ်က synovial fluid စုပ်ယူပေးတဲ့ ဖိအား၊ တွန်းအား ဖြစ်စေပါတယ်။

လေပူဖောင်းတွေ ဖြစ်ပေါ်တယ်။ နောက် အဲဒီလေပူပေါင်းတွေ ပေါက်လို့ အသံကြားနေရခြင်း ဖြစ်ပါတယ်။အရိုးအဆစ်နေရာ အပြင်ဘက် သီးခြားစီကွဲနေတဲ့အခါ ပိုကျယ်လာတဲ့အဆစ်အမြစ်နေရာမှာ ပြန် ဖြည့်ဖို့ အရည်ထပ်မရနိုင်ပါဘူး။

ဒါ့ကြောင့် ခေါင်းပေါက်ဖြစ်ပေါ်ပြီး အဲဒါက အသံဖြစ်ပေါ်စေတဲ့ အရာဖြစ်ကြောင်း University of Alberta ရဲ့ ဦးစီးသုတေသီ Gregory Kawchuk က ဆိုပါတယ်။

ဒီ​နေ့မှာ​တော့ လက်​ဆစ်​ ​ခြေဆစ်​​တွေချိုးတာနဲ့ပတ်​သတ်​တဲ့ ကျန်းမာ​ရေးဗဟုသုတ​လေး​တွေကို ပရိသတ်​ကြီးကို​ဝေမျှ​ပေးချင်​ပါတယ်​။ နေ့စဉ်​ဘဝမှာ စာအ​ရေးများသူ​တွေပဲဖြစ်​ဖြစ်​ ကွန်​ပျူတာအသုံးများသူ​တွေပဲဖြစ်​ဖြစ်​ လက်​​ညောင်းလာတဲ့အခါ လက်​ဆစ်​ချိုးတတ်​ကြပါတယ်​။ တချို့ကလည်း လက်​ဆစ်​ချိုးရာကထွက်​တဲ့အသံကိုသ​ဘောကျလို့ သတိရတိုင်း ချိုးကြသူ​တွေလည်းရှိပါတယ်​

လူကြီးသူမ​တွေက​တော့ လက်​ဆစ်​အမြဲချိုးရင်​ အဆစ်​​ယောင်​တတ်​တယ်​လို့ဆိုကြပါတယ်​။ ဒါ့​ကြောင့် လက်​ဆစ်​​ခြေဆစ်​​တွေအမြဲချိုး​နေရင်​ ဘယ်​​လို​တွေဖြစ်​လာမလဲ ဘယ်​လိုဆိုးကျိုး​တွေရှိနိုင်​လဲဆိုတာကိုသိချင်​​နေကြတဲ့ပရိသတ်​ကြီးအတွက်​ တင်​ဆက်​​ပေးလိုက်​ပါတယ်​။ အရင်​ဆုံးလက်​ဆစ်​ချိုးတဲ့အခါမှာ လက်​​ချောင်း​တွေတကယ်​ကျိုးတာမဟုတ်​ဘဲ ဘာ​ကြောင့်အသံထွက်​လာရတာလဲဆိုတာ​လေးကို ရှင်းပြ​ပေးချင်​ပါတယ်​။ ကျွန်​​တော်​တို့ရဲ့ အဆစ်​အမြစ်​​တွေကြားမှာ လှုပ်​ရှားမှု​ပြေပြစ်​​စေဖို့ ဆိုင်​နိုဗီးယားဆိုတဲ့အရည်​ပျစ်​ပျစ်​​တွေရှိပါတယ်​

ဆိုင်​နိုဗီးယားအရည်​​တွေကြားက နိုင်​တြိုဂျင်​​လေအိတ်​​လေး​တွေရဲ့ ​ပေါက်​ကွဲမှု​ကြောင့် လက်​ဆစ်​ချိုးတဲ့အခါ အသံထွက်​လာခြင်းဖြစ်​တယ်​လို့ အရိုးနှင့်ကြွက်​သား​ရောဂါဆိုင်​ရာ အထူးကုဆရာဝန်​ကြီး Dr. Robert Klapper က ဆိုထားပါတယ်​။ စက်​​တွေ ​မော်​တာ​တွေ ကားအင်​ဂျင်​​တွေမှာ​ချောဆီထည့်​ပေးရသလို သင့်ခန္ဓာကိုယ်​လှုပ်​ရှားရာမှာ ​ချော​မွေ့ဖို့အတွက်​ အရိုးအဆစ်​​တွေကြားမှာလည်း ဆိုင်​နိုဗီးယားအရည်​​တွေလိုအပ်​ပါတယ်​။ မဟုတ်​ရင်​ အရိုးနု​တွေကြာရှည်​ခံဖို့အတွက်​ စိုးရိမ်​ရတယ်​လို့ သိရပါတယ်​

လက်​ဆစ်​​ခြေဆစ်​​တွေချိုးလိုက်​တဲ့အခါမှာ ဆိုင်​နိုးဗီးယားအရည်​ထဲက နိုက်​တြိုဂျင်​​လေအိတ်​​လေး​တွေ ပြန်​လည်​ဖြစ်​တည်​လာဖို့ ​နောက်​ထပ်​မိနစ်​ ၂၀​စောင့်ရပါတယ်​။ သူတို့ပြန်​လည်​တည်​​ဆောက်​​နေတဲ့ ကာလအတွင်း သင့်ရဲ့လှုပ်​ရှားမှု​တွေက​တော့ အနည်းငယ်​တင်းကျပ်​သလိုခံစား​နေရမှာပဲဖြစ်​ပါတယ်​။ ဒါ့​ကြောင့် လက်​ဆစ်​​ခြေဆစ်​​တွေချိုးပြီးပြီဆိုရင်​ တစ်​ခုခုကိုတင်းတင်းကျပ်​ကျပ်​ဆုပ်​ကိုင်​ပြီး လုပ်​ကိုင်​ရမယ့်အရာ​တွေကို မိနစ်​၂၀​လောက်​​တော့ ​နောက်​ဆုတ်​ထားဖို့လိုပါမယ်​

တစ်​ချို့က​တော့ ဒီလိုလက်​ဆစ်​ချိုးလိုက်​မှ ​နေသာထိုင်​သာရှိတယ်​လို့ဆိုကြပါတယ်​။ အမှန်​​တော့ဒါဟာ စိတ်​ပိုင်းဆိုင်​ရာ ​ဖြေ​လျော့ချက်​သက်​သက်​ပါလို့ Dr. Klapper ကဆိုထားပါတယ်​။ လက်​ဆစ်​​ခြေဆစ်​ချိုး​နေတာ အကျင့်​ပါ​နေပြီဆိုသူ​တွေအတွက်​ ဒီလိုပုံမှန်​ချိုး​နေရင်​ အဆစ်​​ယောင်​ခြင်းကို ဖြစ်​​စေနိုင်​လားဆိုတဲ့​မေးခွန်း​လေးကိုလည်း Dr. Klapper ကအခုလိုပဲ ​ဖြေဆိုထား​ပေးပါတယ်​

လက်​ဆစ်​​ခြေ​ဆစ်​ချိုးတာ​​ကြောင့်​တော့ အဆစ်​​ယောင်​ခြင်း မဖြစ်​နိုင်​ပါဘူး။ ဒါ​ပေမဲ့ လက်​ဆစ်​​ခြေဆစ်​ချိုးလိုက်​တဲ့အခါ မသက်​မသာဖြစ်​​နေပြီဆိုရင်​​တော့ သင်​အဆစ်​လည်​​နေတာဖြစ်​ဖြစ်​ အဆစ်​ဖိမိတာပဲဖြစ်​ဖြစ်​ တစ်​ခုခုမှားယွင်း​နေလို့ဖြစ်​မယ်​လို့ ဆိုထားပါတယ်​။ အရိုးအဆစ်​​တွေထိခိုက်​ထားလို့ အဆစ်​အမြစ်​​ယောင်​ယမ်း​နေမယ်​ဆိုရင်​​တော့ နာကျင်​ခြင်း ​​အကြိတ်​ထွက်​သလို ​ဖောင်း​နေခြင်း စတဲ့ ​ရှေ့​ပြေးလက္ခဏာ​တွေကို ခံစားရမှာဖြစ်​ပါတယ်​ ဒါ့​ကြောင့်​ သင့်လက်​ဆစ်​ချိုးတဲ့အခါ နာကျင်​ခြင်းမခံစားရဘူးဆိုရင်​တော့ သင့်မှာ အဆစ်​အမြစ်​​ယောင်​တဲ့​ရောဂါ​ဝေဒနာမရှိပါဘူးလို့ ဆိုပါတယ်​။ အဆုံးထိကြည့်ရှု​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​

ရွှေရောင်လမ်း Writer ; LLA

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *