ရွှေပန်းကုံးနယ်မြေရဲစခန်းကိုမီးဖုတ် မြေဩဇာ၁၀အိပ်ရ

ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးနယ်မြေရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိ

နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးတိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ရဲ ၁၀ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၂၁ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော ဝက် လက်မြို့နယ်၊ ရွှေပန်းကုံးတိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၃ နာရီ ၁၅ မိနစ်တွင် အောင် မြင် စွာ သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးကာ ၄ ဦးအရှင်ဖမ်းမိခဲ့ ကြောင်း၊ ရဲစခန်းအတွင်းရှိ လက်နက်ခဲယမ်းများအပါအဝင် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းခဲ့ ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ပစ္စည်းတွေက ထိုက်သင့်လျောက် သိမ်းဆည်းနိုင်ခဲ့တယ်ဗျ၊ အဲဒါတွေကို စိစစ်နေတယ်၊ ဘာတွေ ဘာ တွေ ဘယ်လောက်ရတယ်ဆိုတာကတော့ ဖော်ပြနိုင်တဲ့အနေအထားတော့ မရှိသေးဘူးဗျ၊ ရဲစခန်း ကတော့ မီးရှို့နိုင်ခဲ့တယ်၊ ကျနော်သိထားတာက ခန့်မှန်းအင်အား ၃၀ ဝန်းကျင်လောက်ရှိတဲ့နေရာ၊ လောလောဆယ်က ၁၀ ဦး သုတ်သင်နိုင်တယ်၊ ၄ ဦးအရှင်ဖမ်းမိတယ်ဆိုတော့ ကျန်သေးတယ်၊ အဲဒီ ကျန်နေတဲ့သူတွေကိုတော့ တောနင်းပြီး ဖြန့်ရှာနေတယ်” တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို တော်လှန်ရေး တပ်ပေါင်းစုဖြစ်သည့် မဟာမိတ် ညီနောင်အဖွဲ့ ၁၀ ဖွဲ့ခန့်မှ ဝင် ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မြင့်မြတ်စွာ ကျဆုံးကာ ၇ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း၊ စခန်းသိမ်းပိုက်ပြီးနောက် နံနက် ၅ နာရီခန့်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် အသွားအပြန် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် နံနက် ၆ နာရီခွဲခန့်တွင် မုံရွာမြို့ နမခ တပ်မှ Mi 35 ရ ဟတ် ယာဉ်ဖြင့် ၂ ကြိမ်လာရေက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ လေကြောင်းမှ တိုက်ခိုက်မှုအတွင်း ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူလူထုများ ထိခိုက်မှုမရှိကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *