စခန်းကြီးတစ်ခု သိမ်းပြန်ပီဗျာ

ဒီးမော့ဆိုတွင် စစ်တပ်၏ သေဆူးလဲစခန်းကို တိုက်ခိုက်စဉ် စစ်ကူလာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်၊ KNU တပ်မဟာ ၅ နယ်မြေတွင် စစ်တပ် စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများရရှိ

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေဆူးလဲစစ်စခန်းကို တိုက် ခိုက်စဉ် စစ်ကူလာသော စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ပြီး အချိန်အတိုင်း အတာတစ်ခု အထိတားဆီးနိုင်ခဲ့ကြောင်း ကရင်နီတော်လှန် ရေး တပ်ပေါင်းစု – KRU မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

စက်တင်ဘာလ ၃ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ သေဆူးလဲကျေးရွာသို့ စစ်ကူ သွားသော စစ်ကြောင်းကို လမ်းမှ ပိတ်ဆို့ဖြတ်တောက် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားများ ထိခိုက်သေဆုံးမှု ရှိနိုင် ကြောင်း၊ စစ်ကူလမ်းကြောင်း ဟန့်တားနိုင်ရန် ရည်ရွယ်တိုက် ခိုက်ခဲ့ခြင်း ဖြစ် သဖြင့် အချိန်အတိုင်းအတာ တစ်ခုအထိ ဟန့်တားနှောက်ယှက်ခဲ့နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့် KNDF BO(1)၊DMO pdf တပ်ရင်း ၄ ၊SSLRU တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ပြီး ယင်းတိုက်ခိုက်မှုအတွင်း

စစ် ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များ ဆက်တိုက်ခိုက်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ကယား(ကရင်နီ) ပြည်၌ စစ်ရေး များ အလွန်ပြင်းထန်းနေခြင်းကြောင့် ခဲယမ်း ၊ လက်နက် ၊ရိက္ခာ များ ပြန်လည်ဖြည့်တင်ရန်လိုအပ်နေပါသဖြင့် ပြည်သူများက နီးစပ်ရာ တပ်ဖွဲ့ များထံသို့ ကူညီပေး လှူဒါန်းပေးကြပါရန် ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု (KRU) က ထုတ်ပြန်ထားသည်။

အလားတူ ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ် အခြေစိုက် စစ်တပ်၏ ခေးပူတပ်စခန်းကို စက်တင်ဘာ ၆ ရက်နေ့ နံနက် ၅ နာရီခွဲမှ ၇ နာရီ ၂၀ မိနစ်အချိန်တွင် ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ အများအပြား သေဆုံးခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်တပ်၏ လက်နက်ကြီး လက်နက်ငယ်နှင့် ခဲယမ်းများ အများအပြား သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရှိရသည်။ စစ်တပ်၏ ခေးပူတပ်စခန်းသည် ၂၀၀၇ ခုနှစ်တွင် လာရောက် အခြေချခဲ့ခြင်းဖြစ်ပြီး

ယခု စခန်းသိမ်းတိုက်ပွဲတွင် တပ်အင်အား ၅၀ ကျော်ရှိကြောင်း၊ စစ်ကောင်စီ စစ်တပ်သည် လာရောက် အခြေချချိန်မှ စ၍ ယင်းဒေသအတွင်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊

ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်းနှင့် နည်းမျိုးစုံနှင့် နှောက်ယှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆက်မပြတ်ပြုလုပ်နေ၍ စခန်းကို တိုက်ခိုက် သိမ်းပိုက်ရခြင်းဖြစ်ကြောင်း KNLA ၏ တာဝန်ရှိသူ၏ ပြောကြားချက်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စခန်းသိမ်းပိုက်ပြီး နောက်တစ်နေ့ စက်တင်ဘာလ ၇ ရက်နေ့တွင်မူ အကြမ်းဖမ်းစစ်တပ်မှ လူသောမြို့နယ်အတွင်းရှိ လယ်မူပလောကျေးရွာအုပ်စု ကော်ရိုဘောထာကျေးရွာ၊ ခေးပူကျေးရွာအုပ်စု သေသူးခီးကျေးရွာနှင့် ပေးကေးကျေးရွာအုပ်စု ဒေဘူးနိုကျေးရွာအနီးတို့တွင် စစ်တပ်က တိုက်လေယာဉ် ၂ စင်းဖြင့် လာရောက်ဗုံးကျဲခဲ့သည့်အတွက် ပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရှိရသည်။

ခေးပူစခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၊ အထူးတပ်ဖွဲ့ (Special Force) နှင့် ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း KNLA အထူးတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ပေါင်းတပ်ဖွဲ့များဘက်မှ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *