မှတ်ပုံတင်အတုနှစ်ခုနဲ့ လင်နှစ်ယောက်တစ်ပြိုင်တည်းယူထားတဲ့ ကလေးနှစ်ယောက်နဲ့မိန်းမအကြောင်း

ဒီသတင်းဟာ ဒီရက်ပိုင်းအတွင်းမှာ အတော်လေး ဝေဖန်မှု့မြင့်တက်ခဲ့တဲ့သတင်းတစ်ခုဖြစ်ပါတယ်။ ဖြစ်စဉ်အကျဉ်းချုံးကတော့ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်မှာနေထိုင်သူ ပန်းရတု ဆိုတဲ့ မိန်းကလေးဟာ လင်နှစ်ယောက်တစ်ပြိုင်တည်းပေါင်းဖို့ မှတ်ပုံတင်အတုနှစ်ခုကို နာမည်နှစ်မျိုးနဲ့လုပ်ပြီးတော့ အသက်၃၈နှစ်မှ ၂၈နှစ်ပြောင်းလိုက်ပါတယ်။ ပထမယောကျာ်းက သင်္ဘောသားဖြစ်ပြီး လင်ငယ်ဖြစ်သူ ဒုတိယ ယောကျ်ားကတော့ မလေးရှားမှာ အလုပ်သွားလုပ်နေသူဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ လင်ကြီး လင်ငယ်နှစ်ယောက် ဒီမိန်းမကို ငါပိုင်တယ် တရားဝင်ယူထားတာ ဘာညာ ဆိုပြီး အပြန်အလှန် ပွဲတေဖြစ်ကြပါတယ် နောက်မှ သိလိုက်ရတာက မိန်းမဖြစ်သူကိုယ်တိုင်က မဟာဗျူဟာအစီအစဉ်ဆွဲပြီး လှုပ်ရှားနေတဲ့အကွက်တေဆိုတာ သိလိုက်ရပါတယ်တော့တယ်။

မိန်းမတေ ဉာဏ်ပြေးပြီဆို ယောကျ်ားတေ ရူးကုန်တာ ဒါက သက်သေပဲဗျာ။ သင်္ဘောသားဖြစ်သူ ယောကျ်ားကလည်း ကိုယ့်မိန်းမ အခြေအနေကို မသိ၊ မလေးရှားကကောင်ကလည်း ကလေးနှစ်ယောက်ထွက်ထားတောင် မသိ၊ မိန်းမဖြစ်သူကလည်း ကိုယ့်ကို သားမှတ်မှတ်မယားမှတ်မှတ် လုပ်ကိုင်ကျွေးနေတဲ့လင်မျက်နှာ၊ သားသမီးတွေရဲ့မျက်နှာ၊ မိဘဆွေမျိုးအသိုင်းအဝိုင်းရဲ့မျက်နှာမှ မထောက် လုပ်ရက်တယ်။

ဒီအဖြစ်အပျက်မှာ ဘယ်သူမှားသလဲ ဘယ်သူမှန်သလဲ? သုံးပွင့်ဆိုင် ဇာတ်လမ်းကြီးထဲကနေ မိတ်ဆွေတို့ လက်ရှိဘဝမှာ ကိုယ့်ရဲ့အိမ်ထောင်ဘက်အပေါ်မှာ ကိုယ့်သားသမီး မိသားစုအသိုင်းဝိုင်းအပေါ်မှာ ငဲ့ညှာပါ၊ တစ်ခဏတာ သာယာမှု့အတွက် ပေးဆပ်လိုက်ရတာတွေက များလွန်းပါတယ်။ ဘယ်သူမှားသလဲဆိုတာ ကွန့်မန့်မှာရေးခဲ့ပါအုံး။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *