နတ်ကောင်းနတ်မြတ်တွေက သင့်ကို စောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် (၅) ချက်

နတ်ကောင်းနတ်မြတ်တွေက သင့်ကို စောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် (၅) ချက်

နတ်ကောင်းနတ်မြတ်တွေက သင့်ကို စောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် (၅) ချက်

တစ်ချို့လူတွေဟာ သူတို့ရဲ့ မွေးရာပါကံလို့ပဲပြောရမလား၊ ထူးခြားချက်လို့ပဲပြောရမလား (အကြောင်းအမျိုးမျိုးကြောင့်) နတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်းကို အမြဲတမ်း ခံရပါတယ် …။သင့်ကိုနတ်ကောင်း နတ်မြတ်တွေက စောင့်ရှောက်တယ် ဆိုတာ သိနိုင်မယ့်အချက် (၅) ချက်ရှိပါတယ်။

တကယ်လို့ ဒီအရာလေးတွေကို သင်အမြဲ လိုလို ကြုံတွေ့နေရတယ် ဆိုရင်တော့ သင်ဟာ မမြင်ရတဲ့ နတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်းကို ခံရ သူဖြစ်ပါတယ် …။

(၁) ငှက်မွှေးလေးကျလာတယ် – တကယ်လို့သင့်အနားလေးမှာ ငှက်မွှေးလေးဝဲနေတယ်၊ ဒါမှမဟုတ် သင့်အပေါ်လေးကိုကျလာတယ်ဆိုရင်တော့ ဒါဟာ နတ်ကောင်းနတ်မြတ်တွေရဲ့ သင်္ကေတ ဖြစ်ပါတယ်။

သင့်ဘေးမှာ သူတို့အမြဲရှိနေတယ်ဆိုတာကို ပြောပြချင်လို့ဖြစ်ပြီး သူတို့ဟာသင့်ကို ချစ်ခင်တယ်၊ မစတယ်ဆိုတာကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ အထူးသဖြင့် သမရိုးကျနေရာတွေ မဟုတ်တဲ့ ဧည့်ခန်း၊ အိပ်ခန်းလိုနေရာမျိုးလေးတွေမှာ တွေ့ရင်တော့ ပိုလို့တောင် သေချာပါတယ် …။

(၂) ၁၁း၁၁ နာရီ – ၁၁း၁၁ နာရီကို မကြာခဏတွေ့ဖူးလား။ ဒါဟာ နတ်ကောင်းနတ်မြတ်တွေရဲ့ ဂဏန်းဖြစ် ပါတယ်။ ဒီဂဏန်းလေးကိုတွေ့ပြီဆိုရင် သင်ကံကောင်းတော့ မယ်ဆိုတာ အသေအချာ ပါပဲနော် …။

(၃) တိမ်ပုံသဏ္ဍာန်များ – ကောင်းကင်ကို အမှတ်တမဲ့မော့ ကြည့်လိုက်လို့ တိမ်ရဲ့ ပုံသဏ္ဍာန်လေးတွေက ထူးခြားနေတယ်ဆိုရင် သင့်ကို လုပ်ဆောင်ဖို့ ညွှန်ပေးနေတာ ဖြစ်နိုင်ပါတယ်။

ဥပမာ အသည်းပုံ တိမ်လေးကိုမြင်ရင် အချစ်ရေးနဲ့ပတ်သက်ပြီး ကံကောင်းမယ်၊ ဒါမှမဟုတ် တစ်ခုခုလုပ် သင့်တယ် ဆိုတာမျိုးပေါ့ …။

(၄) မွှေးရနံ့ – နတ်ကောင်းနတ်မြတ်တွေဟာ မွှေးရနံ့တွေနဲ့လည်း အချက်ပြ တတ်ပါ တယ်။ ဥပမာ ပန်းရနံ့သင်းသင်းလေး ဒါမှမဟုတ် ချောကလက်နံ့လို စားချင်စရာလေး၊ ချိုမြိန်တဲ့ရနံ့လေးတွေနဲ့ သူတို့သင့်ကို စောင့်ရှောက်နေကြောင်း အသိပေး တတ်ပါ တယ်။

နောက်ပြီး ရေမွှေးနံ့လိုမျိုး၊ သင်းပျံ့တဲ့ရနံ့တွေက သင့်ကိုသူတို့ ချစ်ခင်တယ်၊ စောင့်ရှောက်တယ်ဆိုတာကို ဖော်ပြနေတာ ဖြစ်ပါတယ် …။

(၅) ခံစားချက် – သင်ဟာတစ်ယောက် တည်းဖြစ်နေ ရင်တောင် သင့်ဘေးနားမှာ အဖော်တစ်ယောက်လောက် အမြဲရှိနေသလို ခံစားရမှာပါ။ လုံခြုံပြီး အလိုလိုပျော်နေတဲ့ ခံစားချက်ကို ခံစားရမှာပါ …။

စိတ်ကြည်လင်ပြီး စိတ်ခွန်အားတွေကို တွေ့မြင်သမျှ အရာတွေ ကနေ တစ်ဆင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ နတ်ကောင်းနတ်မြတ်တွေက သင့်ကို အားပေးချစ်ခင်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ …။ ။

Credit – မူရင်း

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *