မကြာခင်လက်ထပ်ပွဲကြီးကျင်းပတော့မယ့်အကြောင်းကို လူသိရှင်ကြားထုတ်ပြောလိုက်တဲ့ နန်းဆုရတီစိုး

မကြာခင်လက်ထပ်ပွဲကြီးကျင်းပတော့မယ့်အကြောင်းကို လူသိရှင်ကြားထုတ်ပြောလိုက်တဲ့ နန်းဆုရတီစိုး

ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင် မင်းသမီးချောလေး နန်းစုရတီစိုး ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာအောင်ရပ်တည်ပြီး အောင်မြင်မှုများစွာရရှိထား တဲ့သူလေးပါနော်။ နန်းစု က သရုပ်ဆောင်ကောင်းရုံသာမကပဲ အဆို ပိုင်းမှာလည်း အသံချိုချိုလေးတွေနဲ့ သီဆိုတတ်သူတစ်ယောက်ဖြစ် တာကြောင့်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိနေ တာပဲဖြစ်ပါတယ်။နန်းစုက အသက်သုံးဆယ်ကျော်အရွယ် မိန်းကလေးလို့ထင်ရက်စရာမရှိလောက်အောင်နုပျိုပြီးဆွဲဆောင်မှုရှိ တဲ့ သူမရဲ့ အပြုံလေးတွေကြောင့်လည်း ပုရိသ ပရိသတ်တွေ ရဲ့ အားပေး ဝန်းရံမှုကို အပြည့်အဝရရှိထား တာပါနော်။

ဘယ်လိုပဲဝတ်ဝတ်အရမ်းကို လိုက်ဖက်တဲ့ ခန္ဓာကိုယ်လှလှလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တဲ့အတွက်ယောက်ျားလေး ပရိသတ် တွေသာမက မိန်းကလေး ပရိသတ်တွေကပါ သဘောကျအားပေး ခြင်းကိုခံနေရသူလေးဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နန်းစုက သူမရဲ့ ၃၆ နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။ ၃၆ နှစ်ပြည့်မွေးနေ့လေးကို ခမ်းခမ်းနားနား အနုပညာမောင်နှမတွေနဲ့အတူ ကျင်းပခဲ့ပြီး မွေးနေ့ ပွဲမှာလဲသတင်းကောင်းလေးကို ကြေညာသွားခဲ့တာဖြစ်ပါတယ်။

နန်းစုကတော့ မွေးနေ့ဖိတ်စာတွေပို့တော့ Surprise ရှိတယ်လို့ပြော တော့ သူငယ်ချင်းတွေက မင်္ဂလာဆောင်ကြံပြီလို့ထင်ကြံတာ တကယ်တော့မဟုတ်ပါဘူး။ မင်္ဂလာဆောင်ကတော့ မကြာမီလာမီ မျှော်ပါ။ မွေးနေ့ပွဲပြီးရင်တော့ မင်္ဂလာဆောင်လာဖို့ရှိပါတယ်။ မွေးနေ့ပွဲလေးမှာ မှတ်မှတ်ရရဖြစ်အောင် စီးပွါးရေးလေးလဲစလုပ် တော့မှာဖြစ်လို့ နန်းစုလုပ်တဲ့ ပစ္စည်းလေးတွေကိုပါတစ်ခါထဲ မိတ် ဆက်ပေးလိုက်တာပါ။ ပွဲမလုပ်ဖြစ်တာတော့ကြာပါပြီး ငယ်ငယ်တုန်း ကဘဲလုပ်ဖြစ်တာ

ကြားထဲမှာမလုပ်တာလဲအရမ်းကြာပြီဆိုတော့ အားလုံးနဲ့ ချစ်ချစ်ခင် ခင် ပြန်တွေ့ချင်တာနဲ့ ပစ္စည်းလေးလဲကြေညာချင်တာနဲ့ ပြန်ပြီးလုပ် ဖြစ်တာပါ။ အချစ်ရေးနဲ့ပတ်သတ်ပြီးတော့ အားလုံးကိုချပြီဖို့ အနေအထား တစ်ခုမှာအဆင်မပြေသေးတဲ့အတွက်ကြောင့် မပြော သေးဘူး။ ထူးထူးခြားခြားပြောစရာရှိလာရင် ပြောပြပါမယ်လို့ပြောပြီ လာတာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ နန်း စုကတော့ ၃၆ နှစ်ပြည့်မွေးနေ့မှာ မင်္ဂလာပွဲလာဖို့ရှိကြောင်း အတိ လင်းကြေညာခဲ့တာဖြစ်ပါတယ်။

Credit

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *