ကမ္ဘာ့ရွှေဈေး နှစ်ပတ်အတွင်း အမြင့်ဆုံး ရောက်လာပေမဲ့ ပြည်တွင်းရွှေဈေး…

အမေရိကန်ဗဟိုဘဏ် အစည်းအဝေး ကျင်းပခါနီးလာချိန်မှာ ၆ လအတွင်း အမြင့်ဆုံး ရောက်နေတဲ့

ဒေါ်လာတန်ဖိုး ပြန်အားပျော့လာပြီး ရွှေဈေးကတော့ နှစ်ပတ်အတွင်း အမြင့်ဆုံး ဖြစ်လာပါတယ်။

ဒီနေ့ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၁၉၃၁.၃၂ ဒေါ်လာ ရှိနေတာကြောင့် နှစ်ပတ်တာအတွင်းမှာ

ဈေးအမြင့်ဆုံး ဖြစ်နေပြီး အမေရိကန်ရွှေကြိုပွိုင့်ကလည်း ၁၉၅၂.၉၀ ဒေါ်လာကို မြင့်လာပါတယ်။

ဒေါ်လာတန်ဖိုးဟာ အရင်အပတ်က ရောက်ခဲ့တဲ့ အမြင့်ဈေးကနေ ပြန်ကျလာတဲ့အတွက် ဒေါ်လာနဲ့ ဈေးဖြတ်တဲ့ ကမ္ဘာ့ရွှေကို ဝယ်လက်တွေ ပြန်စိတ်ဝင်စားလာပြီး ဈေးတက်လာတာလို့ ဆိုပါတယ်။

ကမ္ဘာ့ရွှေဈေး တရိပ်ရိပ် ပြန်တက်လာပေမဲ့ ပြည်တွင်းရွှေဈေးကတော့ ကျပ် ၃၅ သိန်းခွဲပတ်လည်မှာ အတက်အကျ ဖြစ်ပေါ်နေပြီး ဒီနေ့ဆိုရင် ကျပ် ၃၅ သိန်းခွဲအောက်ထိ ပြန်ကျလာနေပါတယ်။

ဒီနေ့ နေ့ခင်းပိုင်းအထိ အခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၃၅၄၀,၀၀၀ နဲ့ ၃၅၅၀,၀၀၀ ဝန်းကျင် ရှိနေပြီး အရင်လက ဖြစ်ပေါ်ခဲ့တဲ့ စံချိန်တင်အမြင့်ဆုံးဈေး ကျပ် သိန်း ၄၀ နီးပါးနဲ့ ယှဉ်ရင် ကျပ် ၄ သိန်းခွဲလောက် ပြန်ကျနေပါတယ်။

ဒါပေမဲ့ ပြည်တွင်းရွှေဈေးဟာ ကျပ် ၃၅ သိန်းခွဲဝန်းကျင်မှာသာ လည်ပတ်နေတာ ဖြစ်ပြီး သိသာတဲ့ ဈေး အတက်အကျ ကြီးကြီးမားမား ဖြစ်မလာသေးတဲ့အတွက် ဈေးအေးနေတယ်လို့ ဆိုရမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*