အိမ်နောက်ဖေး စျေးဆိုင်တွေအတွက် အော်ဂဲနစ် ပိုးပြေးဆေး

အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်ထားတဲ့ သူတွေရှိလား.. အဲ့ဒါဆိုရင်တော့ အော်ဂဲနစ် ပိုးပြေးဆေးလေးတွေ လုပ်ကြရအောင်။
အိမ်နောက်ဖေးက ခရမ်းချဉ်တွေ ငရုတ်တွေ ဘူး ဖရုံ တွေမှာ ပိုးကောင်လေးတွေကျနေတယ်ဟဲ့ငါက သဘာဝအတိုင်းစားချင်လို့ စိုက်ထားတာ ဆေးမဖြန်းချင်ဘူး ဆိုတဲ့ သူတွေအတွက်

ပထမဆေးနည်း

(၁) ကြက်သွန်ဖြူ တစ်ဥ
(၂) ပန်းကန်ဆေးဆပ်ပြာဆီ စားပွဲတင်ဇွန်းတစ်ဇွန်း (အရောင်ချွတ်ဆေးမပါတာကိုသုံးပေးပါ)
(၃) ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း (၂)ဇွန်း
(၄) ရေ (၂)ခွက်

ကြက်သွန်ဖြူ အမွှာလေးတွေကို အခွံခွာပြီးတော့ အရည်ညှစ် ရေနဲ့ရော၊ ဟင်းသီးဟင်းရွက်ဆီ ထည့်၊ တစ်ည သိပ်၊ မနက်ကျတော့မှ ဆပ်ပြာဆီလေးထည့် အခင်းထဲ ဖြန်းဖို့ အသင့်ပဲ။

ဒုတိယဆေးနည်း

(၁) ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း (၁)ဇွန်း
(၂) မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း (၂)ဇွန်း
(၃) ပန်းကန်ဆေးဆပ်ပြာဆီ စားပွဲတင်ဇွန်းတစ်ဇွန်း (အရောင်ချွတ်ဆေးမပါတာကိုသုံးပေးပါ)
(၄) ရေ က ဂါလန်ဝက်

အကုန်လုံးပေါင်းထည့်လိုက်ပြီး ဖြန်းရုံပဲ၊ ဂျပိုးအုပ်စုဝင် ပိုးကောင်လေးတွေ ပြေးကြပါလိမ့်မယ်။

တတိယဆေးနည်း

(၁) ငရုတ်သီးထောင်း ခွက် (၁)ဝက် (စပ်လေကောင်းလေဆိုတော့ မိုးမျှော်လောက်ထည့်)
(၂) ရေက (၂)ခွက်
(၃) ပန်းကန်ဆေးဆပ်ပြာဆီ စားပွဲတင်ဇွန်းတစ်ဇွန်း (အရောင်ချွတ်ဆေးမပါတာကိုသုံးပေးပါ)

ငရုတ်သီးတွေကို ရေနဲ့ဖျော်၊ တစ်ညသိပ်။ ကိုယ်ကဖျန်းမှာဆိုတော့ အရည်ပြန်စစ်ပေး၊ အသားနဲ့ထိရင်တော့ ပူတတ်လို့ သတိတော့ထားပေးပါ။ ပြီး ဆပ်ပြာဆီနဲ့ ရော ပြီး ပက်ဖျန်းလိုက်ရင် ဂျပိုးအုပ်စုတွေ ပြေးပြီပေါ့။

သတိထားဖို့ တစ်ချက်ကတော့ ကိုယ်တိုင်ဖော်စပ်တာဆိုပေမဲ့လို့ အားကတော့ ပြင်းပါတယ် ဓာတုဆေးလိုပဲဆိုတော့ အကျိုးပြုသက်ရှိတွေလည်း သေစေနိုင်တာကြောင့်မို့ သတိတော့ တစ်ချက်ထားပေးဖို့လိုပါတယ်။
အဲ့တော့ မဖျန်းခင်မှာ သေးသေးလေးတွေ အရင် တစ်ပင် နှစ်ပင်လောက်ကို စမ်းကြည့်ပါ။

ဆပ်ပြာဆီတွေ ထည့်ထားတာက ဆေးကို ပိုစွဲအောင်ထည့်ထားတာပါ။ နေရောင်အရမ်းပြင်းတဲ့အချိန်မှာ မသုံးမိဖို့ကိုလည်း သတိပြုပါ။ အပင်တွေကို လောင်စေနိုင်တာကြောင့်မို့ပါနော်။အိမ်ထဲကနေ လုပ်လို့လွယ်တဲ့ ဆေးလေးတွေ ကိုယ်တိုင်ဖော်စပ်နိုင်ပြီးတော့ အိမ်နောက်ဖေး ဈေးဆိုင်လေးကနေ အော်ဂဲနစ် စစ်စစ်တွေ ကိုယ်တိုင်ထုတ်ပြီး စားနိုင်ကြပါစေ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *