လူတိုင်းမသိသေးတဲ့နောက်ပိုင်းအသစ်ထွက်လာတဲ့ပိုက်ဆံတွေရဲ့ဘေးနှစ်ဖက်မှာအစင်းချောင်းလေးတွေပါလာခြင်းရဲ့အဓိကအချက်…

နောက်ပိုင်း အသစ်ထွက်လာတဲ့ ပိုက်ဆံတွေရဲ့ ဘေးနှစ်ဖက်မှာ အစင်းချောင်းလေးတွေ

ပါလာခြင်းရဲ့ရည်ရွယ်ချက်

မသိသေးသူများအတွက် နောက်ပိုင်းအသစ်ထွက်လာတဲ့ ပိုက်ဆံတွေရဲ့ ဘေးနှစ်ဖက်မှာ ခြစ်ထားတာကို တွေ့ရမှာပါ

သေချာကြည့်မယ်ဆိုရင် ငွေကြေးရဲ့တန်ဖိုးပေါ်မှာမူတည်ပြီး ခြစ်ထားတဲ့ အချောင်းအရေအတွက်ကွာခြားနေတာ တွေ့နိုင်ပါတယ်

မသိသေးသူများအတွက်ပြောပြချင်ပါတယ် ။ တချို့ကဘာလို့ခြစ်ထားလဲမသိကြဘူး။

အလှခြစ်ထားတယ်လို့ ထင်ကြတယ် ။ အဲဒီ ခြစ်ထားတဲ့ ခြစ်ရာပေါ်မှာလက်နဲ့ပွတ်ကြည့်မယ်ဆိုရင်

အနည်းငယ် ကြမ်းတယ်လို့သိနိုင်ပါတယ်ပိုက်ဆံအရွက်ရဲ့ကျန်တဲ့အပိုင်းလို ချောမော ပြေပြစ်မှုမရှိတာကိုသိနိုင်ပါတယ်။

တကယ်တော့အဲဒီ ခြစ်ထားတဲ့အမှတ်အသားဟာ အရမ်းကိုအရေးကြီးပါတယ်။

ဘာလို့လဲဆိုတော့ အဲဒီခြစ်ရာဟာ ငွေကြေးရဲ့တန်ဖိုးကိန်းဂဏန်း ဖတ်ဖို့အခက်အခဲရှိသူများအတွက်တန်းဖိုးကိုဖော်ပြပေးတဲ့ အမှတ်အသားဖြစ်လို့ပါ။

ကျနော်တို့သာမှန်လူတွေအတွက်တော့ သိပ်အရေးမကြီးပေမယ့် အမြင်အားနည်းချက်ရှိတဲ့မျက်မမြင်တွေအတွက်တော့ အဲဒီ ခြစ်ထားတဲ့ နေရာမှာ

လက်ဖြင့်ကိုင်ကြည့်မယ်ဆိုရင် ငွေကြေးဘယ်လောက်တန် ဖြစ်တယ်ဆိုတာကိုအလွယ်တကူသိနိုင်ပါတယ်။

သူတို့တွေကိုလိမ်ပြီး ပိုက်ဆံအမှားတွေ ပေးလို့မရ တော့ပါဘူး

မှတ်ချက်။ မိမိပတ်ဝန်းကျင်တွင် ဤအချက်ကို မသိသေးသူများရှိပါက မျှဝေပေးကြပါခဗျာ။

စာဖတ်သူမိတ်ဆွေအားလုံးကို လေးစားလျှက် ..

မူရင်းရေးသားသူအား လေစားစွာဖြင့်ခရက်ဒစ်ပေးပါသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *