ကေအိုင်အေ ကတော့အောင်ပွဲဆက်နေပြီ

ဖားကန့် နမ့်တိန်းဗျူဟာကုန်းကိုKIA ဦး​ဆောင်​သောပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်​ကောင်စီတပ်၏ တပ်မ(၃၃)လက်အောက်ခံ နမ့်တိန်းဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် KPDF ပူးပေါင်းတပ်က ယမန်နေ့(​ဖေ​ဖော်ဝါရီလ ၂ရက်) ညက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

နမ့်တိန်းဗျူဟာကုန်းကို ​ဖေ​ဖော်ဝါရီ ၂ ရက် ညနေ ၄နာရီမှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ဖားကန့်KPDF ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

“စတိုက်ပြီး မိနစ်အနည်းငယ်က စပြီး ဖားကန့်ဘက်ကနေ လက်ကြီးပစ်ကူပေးခဲ့တာ။ ဒိစခန်းကို ဝိုင်းထားတာကြာပြီ။ လက်နက်မချလို့ တက်သိမ်းတာ” ဟု KPDF ထောက်ပို့ရဲဘော်တစ်ဦးကဆိုသည်။

နမ့်တိန်းဗျူဟာကုန်းသည် ဖားကန့်မြို့အဝင်လမ်း၌ တည်ရှိပြီး ဖားကန့်မြို့ပေါ်နှင် ဆယ်မိုင်ခန့် ဝေးကွာသည်။ ယင်းဗျူဟာနှင့်ဝှေခါရွာရဲစခန်း၊ ဝှေခါစစ်တပ်ကုန်းတို့ကို KIA၊KPDF ပူးပေါင်းတပ်ဖွဲ့ကဇန်နဝါရီ ၆ရက်နံနက်တွင် စတင် တိုက်ခိုက်ခဲ့ပြီးဝှေခါရွာရဲစခန်းကို ထိုနေ့တွင်ပင် သိမ်းယူနိုင်ခဲ့ကာ ဝှေခါဗျူဟာကုန်းကို ဇန်နဝါရီလ ၂၀ရက်နံနက်‌

အစောပိုင်းတွင်သိမ်းယူခဲ့သည်။

ယမန်နေ့ညက နမ့်တိန်းဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲတွင် ဖားကန့်ဗျူဟာ၊လုံးခင်းဗျူဟာ၊ဆိုင်းတောင်ဗျူဟာနှင့် မဇွပ်ယန်အချုပ်ထောင်၌ တပ်စွဲထားသော ‌ဗျုဟာကုန်းတို့မှ လက်နက်ကြီးဖြင့် အချက်ပေါင်း ၁၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း ​ဒေသခံအချို့က​ပြောသည်။ လက်နက်ကြီးများဖြင့် ရမ်းသမ်း၍ ည၁၂နာရီခန့်အထိ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

နမ့်တိန်းဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်၍ မေးမြန်းရန် ဗိုလ်မှူးကြီးနော်ဘူထံ People’s Spring က ဆက်သွယ်သော်လည်း ဆက်သွယ်မရသေးပေ။

ဖားကန့်​ဒေသတွင် KIA ကစစ်တပ်၏ ​ဝေခါ​မှော်ဗျူဟာကုန်း ၊နမ့်တိန်းဗျူဟာကုန်း တို့ကို သိမ်းပိုက်ပြီး​နောက်

ဖားကန့်ဗျူဟာ၊ လမောင်ကုန်းစခန်း၊ ယမ်းချက်စက်ရုံ၊ နန့်ယားစစ်တပ်ကုန်း၊ ကာမိုင်းဗျူဟာစ​သော စစ်တပ်စခန်းများ၊ကုန်များကျန်ရှိ​သေး​ကြောင်းသိရသည်။

KIA ဦ​ဆောင်​သောပူး​ပေါင်းတပ်များက ဇန်နဝါရီ လအတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်​​မြောက်ပိုင်းတွင် စစ်​ကောင်စီတပ်၏ ဗျူဟာကုန်း ၊တပ်စခန်း ၁၀ ခု​ကျော်ကိုထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့သည်။

(ရှမ်းပြည်နယ်​မြောက်ပိုင်းရှိ နမ့်ဖက်ကာစစ်တပ်ဗျူဟာကုန်းနှင့်စခန်းသိမ်းပြီး​နောက် KIA တပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ )

Be the first to comment

Leave a Reply

Your email address will not be published.


*